back

ဂျပန်နိုင်ငံရှိ စက်ရုံအလုပ်ရုံများတွင် လုပ်ကိုင်ရန် မြန်မာလုပ်သား ၁၇၀ ကျော် ခေါ်ယူ

Nov 15 • 3:47 AM

breaking-news

ဂျပန်

ပြည်တွင်းသတင်း

cover

ဂျပန်နိုင်ငံရှိ စက်ရုံအလုပ်ရုံများတွင် လုပ်ကိုင်ရန် မြန်မာလုပ်သား ၁၇၀ ကျော် ခေါ်ယူ

ဂျပန်နိုင်ငံ၊ တိုကျိုမြို့ရှိ မြန်မာသံရုံး၏ ထုတ်ပြန်ချက်အရ ဂျပန်နိုင်ငံရှိ စက်ရုံနှင့် အလုပ်ရုံများတွင် လုပ်ကိုင်ရန်အတွက် မြန်မာလုပ်သား ၁၇၀ ကျော်ကို ခေါ်ယူထားကြ...

ဂျပန်နိုင်ငံ၊ တိုကျိုမြို့ရှိ မြန်မာသံရုံး၏ ထုတ်ပြန်ချက်အရ ဂျပန်နိုင်ငံရှိ စက်ရုံနှင့် အလုပ်ရုံများတွင် လုပ်ကိုင်ရန်အတွက် မြန်မာလုပ်သား ၁၇၀ ကျော်ကို ခေါ်ယူထားကြောင်း သိရသည်။ မြန်မာသံရုံး (တိုကျို) သည် နိုဝင်ဘာ ၁၃ ရက်အထိ ဂျပန်ကုမ္ပဏီများထံမှ လက်ခံရရှိသည့် အလုပ်ကမ်းလှမ်းစာ (Demand Letter) ၂၁ ခုကို အစဉ်အတိုင်း စိစစ်ပေးခဲ့ပြီး နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ပြန်လည်ပေးပို့ခဲ့သည်။ ယင်းသို့ စိစစ်ရာတွင် ဂျပန်နိုင်ငံရှိ အလုပ်သမားကြီးကြပ်ရေးကုမ္ပဏီနှင့် အလုပ်ခေါ်ယူသည့် စက်ရုံ၊ ကုမ္ပဏီများ၏ တရားဝင်တည်ထောင်ထားရှိမှု စာရွက်စာတမ်း အထောက်အထားများကို စစ်ဆေးဆောင်ရွက်ပေးလျက်ရှိသည်။

news-view-count-icon

39