ရုရှားနိုင်ငံ၏ ပထမဆုံး ဉာဏ်ရည်တု (AI) နည်းပညာသုံး လူတူစက်ရုပ် AIDOL သည် နိုဝင်ဘာ ၁၁ ရက်နေ့က မော်စကို၌ ပြုလုပ်သည့် ပွဲဦးထွက် မိတ်ဆက်အခမ်းအနားတွင် စင်ပေါ်၌ မှောက်ထိုးကြီးလဲကျကာ အရှက်ကွဲခဲ့ကြောင်း သိရသည်။ AIDOL စက်ရုပ်သည် လူသားများကဲ့သို့ လှုပ်ရှားသွားလာနိုင်သည်ဟု မိတ်ဆက်ထားသော်လည်း စင်ပေါ်သို့ ရောက်ရှိပြီး စက္ကန့်ပိုင်းအတွင်း ဟန်ချက်မထိန်းနိုင်ဘဲ လဲကျခဲ့ရာ အစိတ်အပိုင်းတချို့ပင် ပြုတ်ထွက်ခဲ့သည်ဟု ဆိုသည်။ စိတ်လှုပ်ရှားစွာ စောင့်ကြည့်နေကြသော သတင်းထောက် ၅၀ ခန့်ရှေ့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး၊ ကုမ္ပဏီတာဝန်ရှိသူများက မြင်ကွင်းကို အမြန်ဖုံးကွယ်ခဲ့ရသည်။ AIDOL ကုမ္ပဏီသည် လူ ၁၄ ဦးတည်းဖြင့် အမှီအခိုကင်းကင်း ကြိုးစားနေသည့် ကုမ္ပဏီတစ်ခုဖြစ်ပြီး၊ ဤဖြစ်စဉ်ကို ခေတ်ရှေ့ပြေး နည်းပညာ ဆန်းသစ်မှုတွင် ကြုံလေ့ရှိသည့် ကိစ္စတစ်ခုအဖြစ် မှတ်ချက်ပေးခဲ့သည်။

Nov 15 • 1:35 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 37 | 0 | 0 | 0 |


