back

ထိုင်ဝမ် လူနေဧရိယာထဲ ရွှံ့မီးတောင်ငယ် ပေါက်ကွဲ၊ ဒေသခံတချို့ ယာယီရွှေ့ပြောင်း

Nov 15 • 1:37 AM

breaking-news

တရုတ်

ပြည်တွင်းသတင်း

cover

ထိုင်ဝမ် လူနေဧရိယာထဲ ရွှံ့မီးတောင်ငယ် ပေါက်ကွဲ၊ ဒေသခံတချို့ ယာယီရွှေ့ပြောင်း

ထိုင်ဝမ်နိုင်ငံ၊ ဝန်ဒန်မြို့နယ်၊ ဝမ်နိုင်းကျေးရွာရှိ လူနေဧရိယာအနီးတွင် နိုဝင်ဘာလ ၁၃ ရက်နေ့ မနက်ပိုင်းက ရွှံ့မီးတောင်ငယ်တစ်ခု ပေါက်ကွဲခဲ့သဖြင့် ပတ်ဝန်းကျင်နေ ဒေသ...

ထိုင်ဝမ်နိုင်ငံ၊ ဝန်ဒန်မြို့နယ်၊ ဝမ်နိုင်းကျေးရွာရှိ လူနေဧရိယာအနီးတွင် နိုဝင်ဘာလ ၁၃ ရက်နေ့ မနက်ပိုင်းက ရွှံ့မီးတောင်ငယ်တစ်ခု ပေါက်ကွဲခဲ့သဖြင့် ပတ်ဝန်းကျင်နေ ဒေသခံတချို့ကို ဘေးကင်းရာသို့ ယာယီရွှေ့ပြောင်းခဲ့ရကြောင်း သိရသည်။ ဟွမ်ယွမ် ဘုရားကျောင်းရှေ့နားမှ မီးတောင်ငယ်သည် ၃ နာရီခန့်ကြာ ပေါက်ကွဲခဲ့ပြီး၊ ရွှံ့ရည်များနှင့် မီးတောက်များကို အမြင့် ၂ မီတာခန့်အထိ ပန်းထုတ်ခဲ့သည်။ ရွှံ့မီးတောင် လှုပ်ရှားမှု နာရီပိုင်းအကြာတွင် ပြန်လည်ငြိမ်သက်သွားခဲ့ပြီး၊ ကြီးကြီးမားမား ထိခိုက်မှုမရှိသော်လည်း နေအိမ်ခြံဝင်းတချို့ထဲသို့ ရွှံ့ရည်များ စီးဝင်ခဲ့သည်။ ယင်းရွှံ့မီးတောင်သည် လွန်ခဲ့သော ၆ လခန့်ကလည်း တစ်ကြိမ် ပေါက်ကွဲခဲ့ဖူးကြောင်း ဘုရားကျောင်းထိုင် ကိုယ်တော်က မိန့်ကြားခဲ့ပြီး၊ ပညာရှင်များက ရွှံ့မီးတောင် ပေါက်ကွဲမှုကို ကြိုတင်ခန့်မှန်းရန် ခက်ခဲကြောင်း ပြောဆိုထားသည်။

news-view-count-icon

22