ထိုင်းနိုင်ငံ ဖူးခက်မြို့ရှိ ဒေသခံများသည် ၎င်းတို့၏ အိမ်နီးချင်းဖြစ်သည့် နိုင်ငံခြားသား စုံတွဲတစ်တွဲကို ည ၁၀ နာရီမှ မနက် ၄ နာရီအထိ အသံကျယ်လောင်စွာ လိင်ဆက်ဆံခြင်းကြောင့် အိပ်စက်ရာတွင် အနှောင့်အယှက်ဖြစ်ရသည်ဟုဆိုကာ ဒေသဆိုင်ရာ အုပ်ချုပ်ရေးမှူးများထံ သွားရောက်တိုင်ကြားခဲ့ကြောင်း သိရသည်။ တာဝန်ရှိသူများ သွားရောက်စစ်ဆေးခဲ့ရာတွင် အသက်လတ်ပိုင်း နိုင်ငံခြားသားအမျိုးသားက ဆူညံသံတိုင်ကြားမှု မှန်ကန်ကြောင်း ဝန်ခံခဲ့ပြီး၊ ယခင်ကလည်း ရဲများ၏ သတိပေးမှုကို ခံယူဖူးကြောင်း ပြောကြားခဲ့သည်။ အဆိုပါအမျိုးသားက ၎င်းသည် ဘောလုံးအားကစားသမားဖြစ်ပြီး ကာယကြံ့ခိုင်မှု သန်မာလွန်းခြင်းကြောင့် ခွန်အားများပြည့်ဝနေခြင်းဖြစ်ကြောင်း စိတ်ဝင်စားစရာ ဆင်ခြေပေးခဲ့သည်။ သို့သော်လည်း တာဝန်ရှိသူများ၏ သတိပေးချက်အရ အခြားသူများကို အနှောင့်အယှက်မဖြစ်စေရန် အသံလျှော့ချမည်ဟု ကတိပေးခဲ့ကာ အိမ်နီးချင်းများကိုလည်း သွားရောက်တောင်းပန်ခဲ့ကြောင်း သိရသည်။
ထိုင်းနိုင်ငံ၊ ဖူးခက်တွင် ညတိုင်း အသံကျယ်လောင်စွာ လိင်ဆက်ဆံသည့် နိုင်ငံခြားသားစုံတွဲ အိမ်နီးချင်းများ၏ တိုင်ကြားမှုကြောင့် သတိပေးခံရ
Nov 15 • 1:34 AM
ထိုင်း
ပြည်တွင်းသတင်း
မျှဝေမည်
| 17 | 0 | 0 | 0 |


