back

ရုရှားစစ်ထောက်လှမ်းရေး ဟက်ကာနှင့် FBI အလိုရှိဆုံး အလက်ဇီလူကာရှက်ဗ် ဖူးခက်မြို့၌ ဖမ်းဆီးခံရ

Nov 15 • 1:32 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ရုရှားစစ်ထောက်လှမ်းရေး ဟက်ကာနှင့် FBI အလိုရှိဆုံး အလက်ဇီလူကာရှက်ဗ် ဖူးခက်မြို့၌ ဖမ်းဆီးခံရ

ဟီလာရီကလင်တန်၏ အီးမေးလ်များကို Hack ခြင်းအပါအဝင် ဆိုက်ဘာရာဇဝတ်မှုများစွာ ကျူးလွန်ထားသည့် ရုရှားစစ်ထောက်လှမ်းရေး (GRU) မှ ဒုဗိုလ်အဆင့်ရှိသူ ဟက်ကာ အလက်ဇီလူကာရှက်ဗ...

ဟီလာရီကလင်တန်၏ အီးမေးလ်များကို Hack ခြင်းအပါအဝင် ဆိုက်ဘာရာဇဝတ်မှုများစွာ ကျူးလွန်ထားသည့် ရုရှားစစ်ထောက်လှမ်းရေး (GRU) မှ ဒုဗိုလ်အဆင့်ရှိသူ ဟက်ကာ အလက်ဇီလူကာရှက်ဗ်ကို ထိုင်းနိုင်ငံ ဖူးခက်မြို့သို့ ဝင်ရောက်လာစဉ် ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ကြောင်း သိရသည်။ ဥရောပနှင့် အမေရိကတို့တွင် အလွန်အန္တရာယ်ကြီးသည့် ဟက်ကာတစ်ဦးအဖြစ် သတ်မှတ်ခံထားရသော ၎င်းသည် အမေရိကန်ထောက်လှမ်းရေး FBI အလိုအရှိဆုံးသူဖြစ်ပြီး နှစ်ပေါင်းများစွာ ထွက်ပြေးလွတ်မြောက်နေသူဖြစ်သည်။ အောက်တိုဘာ ၃၀ ရက်က ဖူးခက်လေဆိပ်သို့ ဆိုက်ရောက်လာပြီးနောက် FBI ၏ သတင်းပေးကမ်းလှမ်းမှုအရ ဖူးခက်ဟိုတယ်တစ်ခုတွင် ထိုင်းဆိုက်ဘာရဲတပ်ဖွဲ့က ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ပြီး၊ ဖမ်းမိသူကို အမေရိကန်သို့ လွှဲအပ်မည်ဟု ထိုင်းဘက်က သတင်းထုတ်ပြန်ခဲ့သည်။

news-view-count-icon

34