မြန်မာနိုင်ငံထောပတ်သီးစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း (MRFA) မှ ယခုနှစ် ထွက်ရှိသည့် အရည်အသွေးမြင့် Hass ထောပတ်သီးများကို စင်ကာပူနှင့် ထိုင်းနိုင်ငံသို့ အဓိကထား တင်ပို့သွားမည်ဖြစ်ကြောင်း သိရသည်။ ယမန်နှစ်က Hass ထောပတ်သီး တန်ချိန် ၃,၀၀၀ ခန့် ထွက်ရှိခဲ့ရာ ယခုနှစ်တွင် ပိုမိုထွက်ရှိရန် မျှော်မှန်းထားသည်။ စက်တင်ဘာလမှ ဒီဇင်ဘာလအတွင်း ထောပတ်သီးများ အထွက်တိုးလေ့ရှိပြီး ပြည်ပသို့ Hass အပြင် Buccaneer၊ 034၊ Booth 7 နှင့် အမရာ စသည့်မျိုးများကိုလည်း တင်ပို့ရောင်းချလျက်ရှိသည်။ ပြည်တွင်း၌ ဝယ်လိုအားကောင်းလာခြင်းကြောင့် စိုက်ပျိုးတောင်သူများအနေဖြင့် ဈေးကွက်လိုအပ်ချက်ရှိသော ထောပတ်မျိုးကို ဦးစားပေးစိုက်ပျိုးကြရန် အသင်းက တိုက်တွန်းထားပြီး မြန်မာနိုင်ငံတွင် ထောပတ်သီးစိုက်ခင်းဧက ၂၅,၀၀၀ ခန့်ရှိကြောင်း သိရသည်။
Nov 15 • 1:31 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 18 | 0 | 0 | 0 |


