back

ထိုင်ဝမ်အရေးတွင် ဂျပန် လက်နက်ဖြင့် ဝင်ရောက်စွက်ဖက်ပါက အထိနာအောင် ထိုးနှက်မည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန သတိပေး

Nov 15 • 1:29 AM

breaking-news

တရုတ်

ပြည်တွင်းသတင်း

cover

ထိုင်ဝမ်အရေးတွင် ဂျပန် လက်နက်ဖြင့် ဝင်ရောက်စွက်ဖက်ပါက အထိနာအောင် ထိုးနှက်မည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန သတိပေး

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လင်ကျန့်သည် နိုဝင်ဘာ ၁၃ ရက်နေ့ သတင်းစာရှင်းလင်းပွဲတွင် ဂျပန်ဝန်ကြီးချုပ် Takaichi Sanae က လွှတ်တော်၌ ထိုင်ဝမ်...

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လင်ကျန့်သည် နိုဝင်ဘာ ၁၃ ရက်နေ့ သတင်းစာရှင်းလင်းပွဲတွင် ဂျပန်ဝန်ကြီးချုပ် Takaichi Sanae က လွှတ်တော်၌ ထိုင်ဝမ်နှင့်ပတ်သက်၍ လက်နက်အင်အားဖြင့် ဝင်ရောက်စွက်ဖက်နိုင်ခြင်းကို အရိပ်အမြွက်ဖော်ပြခဲ့ခြင်းအပေါ် ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်း ပြောကြားခဲ့သည်။ လင်ကျန့်က Takaichi Sanae ၏ မှားယွင်းသော ပြောကြားချက်သည် တရုတ်နိုင်ငံ တစ်နိုင်ငံတည်းသာရှိရေးမူကို ပြင်းထန်စွာ ကျောခိုင်းပြီး တရုတ်ပြည်တွင်းရေးကို ကြမ်းတမ်းစွာ စွက်ဖက်ကာ တရုတ်၏အချုပ်အခြာအာဏာကို ကျူးလွန်ခဲ့ကြောင်း စွပ်စွဲခဲ့သည်။ ဂျပန်အနေဖြင့် ဆိုးသွမ်းသော ပြောကြားချက်ကို အမြန်ဆုံး ပြင်ဆင်ရုပ်သိမ်းရန်၊ တရုတ်ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်းနှင့် ဘောင်ကျော်ပြီး ရန်စမှုပြုခြင်းကို ရပ်တန့်ရန် တောင်းဆိုခဲ့သည်။ ၎င်းက ထိုင်ဝမ်ရေးရာတွင် မီးကစားမှု မပြုလုပ်ရန်နှင့် မပြုလုပ်ပါက မီးကစားသူသာ မီးဝါးခံရမည် ဖြစ်ကြောင်း တည်ကြည်လေးနက်စွာ သတိပေး ပြောကြားခဲ့သည်။

news-view-count-icon

13