back

သီပေါမြို့အဝင်မုခ်ဦးအနီး အလှူခံမဏ္ဍပ်မှ အမျိုးသားတစ်ဦး မိုင်းနင်းမိ၍ ဒဏ်ရာရ

Nov 14 • 1:29 PM

breaking-news

မြန်မာ

ရှမ်း

cover

သီပေါမြို့အဝင်မုခ်ဦးအနီး အလှူခံမဏ္ဍပ်မှ အမျိုးသားတစ်ဦး မိုင်းနင်းမိ၍ ဒဏ်ရာရ

ယမန်နေ့ နိုဝင်ဘာ ၁၃ ရက် ညနေ ၄ နာရီ ဝန်းကျင်တွင် သီပေါမြို့နယ်၊ စံဖိတ်ကျေးရွာနေ အသက် ၆၄ နှစ်အရွယ် ဦးကောလိယသည် သီပေါမြို့အဝင်မုခ်ဦး အလှူခံမဏ္ဍပ်အနီး မိုင်းနင်းမ...

ယမန်နေ့ နိုဝင်ဘာ ၁၃ ရက် ညနေ ၄ နာရီ ဝန်းကျင်တွင် သီပေါမြို့နယ်၊ စံဖိတ်ကျေးရွာနေ အသက် ၆၄ နှစ်အရွယ် ဦးကောလိယသည် သီပေါမြို့အဝင်မုခ်ဦး အလှူခံမဏ္ဍပ်အနီး မိုင်းနင်းမိ၍ ယာခြေနှင့် ယာလက် မောင်းတွင် ပြင်းထန်ဒဏ်ရာ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။၎င်းသည် အလှူခံမဏ္ဍပ်တွင် တာဝန်ယူနေသူဖြစ်ကာ ယာဉ်တစ်စီးမှ လှူသည့် ပိုက်ဆံကို ကောက်ယူနေချိန် မိုင်းနင်းမိခဲ့ခြင်းဖြစ်သည် ဟု သတင်းရင်းမြစ်က ပြောသည်။လက်ရှိတွင် ဒဏ်ရာပြင်းထန်သည့် ဦးကောလိယကို လားရှိုးဆေးရုံသို့ ပို့ဆောင်ပြီး ဆေးကုသမှု ခံယူလျက်ရှိသည်။




news-view-count-icon

21