ထိုင်းနိုင်ငံ အတွင်းသို့ နိုင်ငံခြားသားတွေ အနေနဲ့ Visa free ဖြင့် ဝင်ရောက်ပါက ၂ကြိမ်ထက်ပိုပြီး သက်တမ်းတိုးခွင့်မပြုတော့ဘူးလို့ ထိုင်းလူဝင်မှုကြီးကြပ်ရေးဌာန ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ အခုလို လုပ်ဆောင်တာဟာ နိုင်ငံခြားသားတွေက ထိုင်းနိုင်ငံရဲ့ ဗီဇာကင်းလွှတ်ခွင့်ကို အလွဲသုံးစား ပြုလုပ်ပြီး ခရီးသွားဟန်ဆောင်ကာတရားမဝင်အလုပ်လုပ်တာတွေ ဆိုက်ဘာရာဇဝတ်မှု များ၊ငွေကြေးခဝါချမှုနဲ့ လူကုန်ကူးမှု စတာတွေ နဲ့ဆက်နွယ်နေတဲ့အတွက် ဗီဇာသက်တမ်းတိုးခြင်းကို တင်းကျပ်လိုက်တာလို့ ထိုင်းလ၀ကရဲမှုးကြီး Cheongron Rimpadee က နိုဝင်ဘာလ ၁၂ရက်က ပြုလုပ်တဲ့ လ၀က ဆိုင်ရာ အရေးပေါ်အစည်းဝေးမှာ ပြောကြားခဲ့ပါတယ်။ နိုင်ငံခြားသားတွေဟာ ရက် ၉၀ အထိ နေထိုင်ခွင့်ပြုထားတဲ့ ဗီဇာကင်းလွတ်ခွင့် ကို အသုံးပြုပြီး (visa run)လို့ခေါ်တဲ့ နည်းလမ်းဖြင့် အကြိမ်ကြိမ် ဝင်ထွက်ကာ အွန်လိုင်းရာဇဝတ်မှုများကဲ့သို့ တရားမဝင် လုပ်ငန်းတွေကို လုပ်ကိုင်နေတယ်လို့ ၎င်းကပြောပါတယ်။ ယခုနှစ်အတွင်းမှာဘဲ ဗီဇာ အလွဲသုံးစား ပြုလုပ်ပြီး ဝင်လာတဲ့ နိုင်ငံခြားသား ၂၉၀၀ ကျော် ကို ပြည်ဝင်ခွင့် ပယ်ချ ခဲ့တယ်လို့ဆိုပါတယ်။ နိုင်ငံတဝန်း တွင် လည်း နေထိုင်ခွင့် သက်တမ်း ကျော်လွန် သူတွေကို ဖမ်းဆီးမှု တွေ အရှိန်မြှင့်ပြီး ပြည်သူတွေ သိရှိရန် အချိန်မှီ ထုတ်ပြန်ပေးမယ်လို့ အသိပေးထားပါတယ်။



