back

ထိုင်းနိုင်ငံတွင်ဓါတုရေကန် ကို သန့်ရှင်းရေးပြုလုပ်ရသည့် မြန်မာလုပ်သား ၂ ဦး အဆိပ်ဓါတ်ငွေ့ကြောင့် သေဆုံး၁ ဦးပြင်းထန်ဒဏ်ရာရ

Nov 14 • 1:27 PM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ထိုင်းနိုင်ငံတွင်ဓါတုရေကန် ကို သန့်ရှင်းရေးပြုလုပ်ရသည့် မြန်မာလုပ်သား ၂ ဦး အဆိပ်ဓါတ်ငွေ့ကြောင့် သေဆုံး၁ ဦးပြင်းထန်ဒဏ်ရာရ

နိုဝင်ဘာ ၁၄ ဒီကနေ့ နေ့လည်ပိုင်းမှာထိုင်းနိုင်ငံ ကရာဘီပြည်နယ် ပလိုင်းဖရား မြို့နယ် က စားအုန်းဆီကုမ္ပဏီ တစ်ခု ရှိ ဓါတုရေကန် ကို သန့်ရှင်းရေး ပြုလုပ်ရတဲ့ မြန်မာလုပ...

နိုဝင်ဘာ ၁၄ ဒီကနေ့ နေ့လည်ပိုင်းမှာထိုင်းနိုင်ငံ ကရာဘီပြည်နယ် ပလိုင်းဖရား မြို့နယ် က စားအုန်းဆီကုမ္ပဏီ တစ်ခု ရှိ ဓါတုရေကန် ကို သန့်ရှင်းရေး ပြုလုပ်ရတဲ့ မြန်မာလုပ်သား၃ဦးမှာ ကန် ထဲ ရှိအဆိပ်ဓာတ်ငွေ့တွေရှူမိတာကြောင့်၂ဦးသေဆုံးကာ၁တစ်ဦး ပြင်းထန်ဒဏ်ရာ ရရှိခဲ့တယ်လို့ထိုင်းသတင်းဌာနတွေရဲ့ဖေါ်ပြချက်အရသိရပါတယ်။ ၎င်းကန်ထဲ တွင် ဟိုက်ဒရိုဂျင်ဆာလ်ဖိုက်လို့ခေါ်တဲ့ အလွန်အန္တရာယ်ရှိတဲ့ ဓာတ်ငွေ့တွေ ရှိနေတာဖြစ်တာကြောင့် မြန်မာလုပ်သား၃ဦးဟာ အဆိပ်သင့်ခဲ့တာလို့ဆိုပါတယ်။ ဓါတုကန်ထဲမှ မြန်မာလုပ်သားတွေကို အပေါ်သို့ ကြိုးဖြင့် ဆွဲတင်ခဲ့ရာ အသက် ၂၂ နှစ်အရွယ်ရှိ မြန်မာအလုပ်သမားတစ်ဦး ကို အရင်ဆုံး ကယ်ဆယ်နိုင်ခဲ့ပြီး ဆေးရုံကို ပို့ဆောင်ပေးခဲ့နိုင်ပေမယ့် ကျန်နေတဲ့ အသက် ၂၄ နှစ်နဲ့ အသက် ၂၅ နှစ်အရွယ်ရှိ မြန်မာအလုပ်သမားနှစ်ဦးကိုလည်း ဆက်လက် ကယ်ထုတ်နိုင်ခဲ့ရာ ၎င်းတို့နှစ်ဦးစလုံးဟာ ကယ်ဆယ်မှု အပြီးတွင် သေဆုံးနေခဲ့ပြီ ဖြစ်တယ်လို့ သတင်းမှာဖေါ်ပြထားပါတယ်။ 





news-view-count-icon

10