back

ထိုင်းနိုင်ငံရောက် MOU အလုပ်သမားများ၏ ဘဏ်အကောင့်များကို စကားပြန်နှင့် အေဂျင်စီမှ မသမာမှုပြုလုပ်ဖွင့်လှစ်

Nov 14 • 7:39 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ထိုင်းနိုင်ငံရောက် MOU အလုပ်သမားများ၏ ဘဏ်အကောင့်များကို စကားပြန်နှင့် အေဂျင်စီမှ မသမာမှုပြုလုပ်ဖွင့်လှစ်

ထိုင်းနိုင်ငံ၊ ရယောင်းမြို့ ဆောက်လုပ်ရေးလုပ်ငန်းတွင် အလုပ်လုပ်ကိုင်နေသော မြန်မာနိုင်ငံသား MOU အလုပ်သမား ၃၇ ဦးအား ၎င်းတို့ရောက်ရှိပြီး ၁၀ ရက်အကြာတွင် မြန်မာနိုင်...

ထိုင်းနိုင်ငံ၊ ရယောင်းမြို့ ဆောက်လုပ်ရေးလုပ်ငန်းတွင် အလုပ်လုပ်ကိုင်နေသော မြန်မာနိုင်ငံသား MOU အလုပ်သမား ၃၇ ဦးအား ၎င်းတို့ရောက်ရှိပြီး ၁၀ ရက်အကြာတွင် မြန်မာနိုင်ငံသားစကားပြန်က ဘိုင်ကျန့်အော် (သူဌေးလွှဲပြောင်းစာ) ယူရန်ဟုဆိုကာ ဘန်ကောက်သို့ ခေါ်ဆောင်ခဲ့သည်။ ဘန်ကောက်ရှိ ဈေးဝယ်စင်တာများအတွင်းမှ K Bank (ကာဆီခွန်ဘဏ်) နှင့် SCB ဘဏ်များတွင် အလုပ်သမားတစ်ဦးချင်းစီ၏ ကိုယ်ရေးအချက်အလက်၊ နိုင်ငံကူးလက်မှတ်နှင့် တရားဝင်အလုပ်လုပ်ခွင့်များ အသုံးပြု၍ သူတို့သတ်မှတ်ပေးသည့် ဖုန်းနံပါတ်နှင့် စကားဝှက်များဖြင့် ဘဏ်အကောင့်များ ဖွင့်လှစ်ပေးခဲ့သည်ဟု အလုပ်သမားတစ်ဦးဖြစ်သူ ကိုအောင်က ပြောကြားသည်။ အဆိုပါ ဘဏ်အကောင့်ဖွင့်ခြင်းမှာ အလုပ်သမားများ၏ သဘောဆန္ဒအတိုင်းမဟုတ်ဘဲ အေဂျင်စီနှင့် ဘတ် ၅ သန်းသူဌေး (အလုပ်ရုံနာမည်) တို့၏ ထောက်ခံစာဖြင့် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

news-view-count-icon

20