ပုံမှန်အားဖြင့် ခရီးသွားများပြားသည့် ပွင့်လင်းရာသီဖြစ်သော်လည်း လက်ရှိ တစ်ရက်ပျမ်းမျှ အဝေးပြေးခရီးသွားသူဦးရေမှာ ၁၀၀၀၀ ဝန်းကျင်သာရှိနေကြောင်း ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC) ၏ စာရင်းများအရ သိရသည်။ ယခုနိုဝင်ဘာလအတွင်း တစ်ရက်ပျမ်းမျှ ယာဉ်လိုင်း ၂၂၀ ကျော်၊ ယာဉ်စီးရေ ၇၉၀ ကျော်ဖြင့် ပြေးဆွဲနေခြင်းဖြစ်သည်။ ကိုဗစ်မတိုင်မီ နှစ်များက တစ်ရက်ပျမ်းမျှ ခရီးသွားလာသူဦးရေ ၃၀၀၀၀ ဝန်းကျင်ရှိခဲ့ပြီး၊ လက်ရှိအခြေအနေမှာ လွန်ခဲ့သည့် မိုးရာသီကာလက နှုန်းထားမျိုးသာရှိနေကြောင်း အဝေးပြေးကားဂိတ် တာဝန်ခံတစ်ဦးက ရှင်းပြခဲ့သည်။ ရန်ကုန်တိုင်းဒေသကြီးတွင် အောင်မင်္ဂလာ၊ ဒဂုံဧရာနှင့် ဒလမြို့နယ်ရှိ အဝေးပြေးဝင်းများမှ ခရီးစဉ်များစွာ ပြေးဆွဲလျက်ရှိသည်။
Nov 14 • 7:38 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 34 | 0 | 0 | 0 |


