back

မြန်မာ့စပါးအုံးမြွေ အောင်လအန်ဆန် ONE ၏ တတိယမြောက် Hall Of Fame ဆုကို ရရှိ

Nov 14 • 7:40 AM

breaking-news

မြန်မာ

ပြည်ပ

cover

မြန်မာ့စပါးအုံးမြွေ အောင်လအန်ဆန် ONE ၏ တတိယမြောက် Hall Of Fame ဆုကို ရရှိ

မြန်မာ့ဂန္ထဝင်ဖိုက်တာ အောင်လအန်ဆန်သည် ONE Championship မှ ဂန္ထဝင်ဖိုက်တာများကို ပေးအပ်သည့် Hall Of Fame ဆုကို တတိယမြောက်ဖိုက်တာအဖြစ် ဆွတ်ခူးရရှိခဲ့သည်။ အဆိုပါဆု...

မြန်မာ့ဂန္ထဝင်ဖိုက်တာ အောင်လအန်ဆန်သည် ONE Championship မှ ဂန္ထဝင်ဖိုက်တာများကို ပေးအပ်သည့် Hall Of Fame ဆုကို တတိယမြောက်ဖိုက်တာအဖြစ် ဆွတ်ခူးရရှိခဲ့သည်။ အဆိုပါဆုကို ဂျပန်နိုင်ငံတွင် ကျင်းပမည့် ONE Friday Fight 173 ပွဲစဉ်အတွင်း ပေးအပ်သွားမည်ဖြစ်သည်။ အောင်လအန်ဆန်သည် ONE Championship တွင် ၂၀၁၆ ခုနှစ်မှစတင်ကာ ပွဲပေါင်း (၂၀) ထိုးသတ်ခဲ့ပြီး မစ်ဒယ်ဝိတ်တန်းနှင့် လိုက်ဟဲဗီးဝိတ်တန်း ချန်ပီယံခါးပတ်ဆုများကို ရရှိခဲ့ဖူးသူ ဖြစ်သည်။ ၎င်း၏ပရော်ဖက်ရှင်နယ်ကစားသမားဘဝတွင် စုစုပေါင်း (၄၇) ပွဲ ထိုးသတ်ထားပြီး (၃၁) ပွဲ အနိုင်ရရှိထားသည်။ ယခင် Hall Of Fame ဆုကို Demetrious Johnson နှင့် Bibiano Fernandes တို့က အသီးသီးရရှိခဲ့ကြသည်။

news-view-count-icon

33