နော်ဝေအသင်းကမ္ဘာ့ဖလားဝင်ခွင့်ရရှိမှုဟာ အာလင်းဟာလန်းလို ထိပ်တန်းဂိုးသွင်းရှင် ၊ အာဆင်နယ်အသင်းခေါင်းဆောင် မာတင် အိုဒီဂတ်လို ကစားသမားမျိုးတွေအတွက် ကြီးမားတဲ့အောင်မြင်မှု ဖြစ်ခဲ့ပါတယ် ။ ဒါပေမယ့် နော်ဝေအသင်းမှာ သူတို့ချည်းမဟုတ်ခဲ့ပါဘူး ။ဟာလန်းနဲ့အပြိုင် ဂိုးတွေသွင်းခဲ့တဲ့ အက်သလက်တီကိုမက်ဒရစ်အသင်းက အလက်ဇန်းဒါး ရှာလော့ ၊ မန်စီးတီးလူငယ်ကြယ်ပွင့်လေး အော်စကာဘော့ပ် ၊ ဖူလ်ဟမ် ကွင်းလယ်လူ ဆန်ဒါ ဘာ့ ၊ ဒေါ့မွန်ညာနောက်ခံလူ ရိုင်ယန်ဆွန် ၊ နော်ဝေကလပ် ဘိုဒိုဂလင့်ကွင်းလယ်ကစားသမား ပက်ထရစ်ဘာ့ ၊ လိုက်ပ်ဇစ်အသင်းတောင်ပံကစားသမား အန်တိုနီယို နူဆာ ၊ ဝုဗ်အသင်းက ဂျော်ဂန်လာဆင်တို့ဟာ အမေရိကန် ၊ ကနေဒါ နဲ့ မက္ကဆီကိုနိုင်ငံတို့ ပူးတွဲကျင်းပတဲ့ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကြီးကို ပါဝင်ကစားခွင့် ရရှိလာခဲ့ကြပါပြီ။
| 25 | 0 | 0 | 0 |


