back

မြန်မာ့လက်ရွေးစင်အသင်းအတွက် သူရိန်ထွန်းကို အားဖြည့်ခေါ်ယူခဲ့

Nov 14 • 3:10 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

မြန်မာ့လက်ရွေးစင်အသင်းအတွက် သူရိန်ထွန်းကို အားဖြည့်ခေါ်ယူခဲ့

Sea Games 2025 ပြိုင်ပွဲဝင် မြန်မာ့လက်ရွေးစင်ယူ -၂၃ အသင်းနည်းပြချုပ် ကူရိုဆာကီဟာ အသင်းရဲ့တိုက်စစ်ပိုင်းနေရာအတွက် အင်္ဂလန်နိုင်ငံ လက်စတာမြို့ အကယ်ဒမီထွက် ပေါ်တူဂ...

Sea Games 2025 ပြိုင်ပွဲဝင် မြန်မာ့လက်ရွေးစင်ယူ -၂၃ အသင်းနည်းပြချုပ် ကူရိုဆာကီဟာ အသင်းရဲ့တိုက်စစ်ပိုင်းနေရာအတွက် အင်္ဂလန်နိုင်ငံ လက်စတာမြို့ အကယ်ဒမီထွက် ပေါ်တူဂီနိုင်ငံ လာဂို့စ်ကလပ်မှာ ကစားခဲ့တဲ့ မန္တလေးဇာတိ တိုက်စစ်ကစားသမားဖြစ်တဲ့ သူရိန်ထွန်းကိုအားဖြည့်ခေါ်ယူခဲ့ပါတယ်။ ဆီးဂိမ်စ် (က) အသင်းမှာ ကာလရှည်ဒဏ်ရာက အနားယူခဲ့ရတဲ့ ဥက္ကာနိုင်လည်း ပြန်လည်ပါဝင်နေပါပြီ။ ကူရိုဆာကီရဲ့ ဆီးဂိမ်းစ် (က) အသင်းဟာ နိုဝင်ဘာ ၁၁ ရက်က ဦးမျိုးမင်းထွန်းရဲ့ ဆီးဂိမ်းစ်(ခ)အသင်းနဲ့ ကစားရာမှာ (၃-၂)ဂိုးနဲ့ အနိုင်ရခဲ့ပြီး ဒီနေ့ညနေ ၃:၀၀ နာရီ၊ သန်လျင်က သီဟဒီပ ကွင်းမှာ ဆီးဂိမ်းစ်(က)နဲ့(ခ) တို့ ဒုတိယ ခြေစမ်းပွဲ ထပ်မံ ကစားမှာပါ။ ဆီးဂိမ်းစ် အသင်းအနေနဲ့ မြန်မာ့လက်ရွေးစင် အသင်းနဲ့ နိုဝင်ဘာ ၁၈ မှာခြေစမ်းဖို့ စီစဉ်ခဲ့ပေမယ့် အသင်းရဲ့ ခရီးစဉ်တွေကြောင့် ပျက်ပြယ်ခဲ့ပါတယ်။

news-view-count-icon

28