back

မြန်မာနိုင်ငံမှ ၅ မှတ်ဆန်ဖြူ တန်ချိန် ၅ သောင်းကျော်ကို ယခုနှစ်မကုန်မီ ဘင်္ဂလားဒေ့ရှ်သို့ တင်ပို့မည်

Nov 14 • 3:09 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

မြန်မာနိုင်ငံမှ ၅ မှတ်ဆန်ဖြူ တန်ချိန် ၅ သောင်းကျော်ကို ယခုနှစ်မကုန်မီ ဘင်္ဂလားဒေ့ရှ်သို့ တင်ပို့မည်

မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် (MRF) မှ ဆန်ကြမ်းအုပ်စုဝင် ၅ မှတ်ဆန်ဖြူ တန်ချိန် ၅၃,၅၀၀ ခန့်ကို ယခုနှစ်မကုန်မီတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တင်ပို့သွားမည်ဖြစ်က...

မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် (MRF) မှ ဆန်ကြမ်းအုပ်စုဝင် ၅ မှတ်ဆန်ဖြူ တန်ချိန် ၅၃,၅၀၀ ခန့်ကို ယခုနှစ်မကုန်မီတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တင်ပို့သွားမည်ဖြစ်ကြောင်း သိရသည်။ ၎င်းဆန်များကို MRF နှင့် ဘင်္ဂလားဒေ့ရှ်အစိုးရတို့၏ ယခင်ချုပ်ဆိုထားသော စာချုပ်အရ တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၇၆.၅ ဒေါ်လာဖြင့် ရောင်းချရန် သဘောတူညီထားခြင်းဖြစ်သည်။ အဆိုပါ နားလည်မှုစာချွန်လွှာအရ ၂၀၂၇ ခုနှစ်အထိ ဘင်္ဂလားဒေ့ရှ်က မြန်မာ့ဆန်များကို ဆက်လက်ဝယ်ယူမည်ဖြစ်ပြီး၊ ယခုတင်ပို့မှုကို မြန်မာကုမ္ပဏီ ၃၁ ခုက ဝေစုရရှိကာ နိုဝင်ဘာလ နောက်ဆုံးပတ်နှင့် ဒီဇင်ဘာလ ပထမပတ်တို့တွင် ရန်ကုန်ဆိပ်ကမ်းမှ သင်္ဘော ၂ စီး (တန်ချိန် ၄၅,၀၀၀) နှင့် ပုသိမ်ဆိပ်ကမ်းမှ တန်ချိန် ၇,၅၀၀ တို့ဖြင့် တင်ပို့သွားမည်ဖြစ်သည်။

news-view-count-icon

23