back

မြန်မာပြည်တွင်း‌ နေရာအသီးသီးမှ ဝင်ရောက်လာတဲ့ မြေပဲဆန်များကို သင့်တင့်မျှတတဲ့ ပေါက်ဈေးနဲ့ ဝယ်ယူမည်ဖြစ်

Nov 14 • 3:09 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

မြန်မာပြည်တွင်း‌ နေရာအသီးသီးမှ ဝင်ရောက်လာတဲ့ မြေပဲဆန်များကို သင့်တင့်မျှတတဲ့ ပေါက်ဈေးနဲ့ ဝယ်ယူမည်ဖြစ်

မြန်မာပြည်တွင်း နယ်စုံမှ ဝင်ရောက်လာတဲ့ မြေပဲဆန်များကို သင့်တင့်မျှတတဲ့ ပေါက်ဈေးနဲ့ ဝယ်ယူဖို့ ပြည်တွင်းရှိ ပဲကုန်သည်များနှင့် ဆီစက်ပိုင်ရှင် လုပ်ငန်းရှင်များကို ...

မြန်မာပြည်တွင်း နယ်စုံမှ ဝင်ရောက်လာတဲ့ မြေပဲဆန်များကို သင့်တင့်မျှတတဲ့ ပေါက်ဈေးနဲ့ ဝယ်ယူဖို့ ပြည်တွင်းရှိ ပဲကုန်သည်များနှင့် ဆီစက်ပိုင်ရှင် လုပ်ငန်းရှင်များကို မြန်မာနိုင်ငံဆီစက်ပိုင်ရှင်များအသင်းမှ တိုက်တွန်းထားတယ်လို့ သိရပါတယ်။လက်ရှိအချိန်ဟာ မြေပဲဆန်အသစ်များ နယ်စုံကနေ ဈေးကွက်အတွင်းသို့ ဝင်ရောက်လာချိန်ဖြစ်ပြီး ပဲသစ်ပေါ်ချိန်မှာ လိုအပ်တာထက် ပိုပြီး ဈေးကျဆင်းမှုမရှိအောင် ပဲအရည်အသွေးအလိုက် သင့်တင့်မျှတတဲ့ ဈေးတန်းတစ်ခုဖြင့် ဝယ်ယူလျက်ရှိနေကြောင်းနှင့် ထိုသို့ ဝယ်ယူပေးနေရာမှာ ဈေးကွက်ပေါက်ဈေးထက် လျှော့ချဝယ်ယူထားခြင်းမျိုး မပြုလုပ်ဖို့လိုကြောင်းကို ၎င်းအသင်းမှ တိုက်တွန်းထားပါတယ်။မြေပဲဆန် ဝယ်ယူရာမှာလည်း Mတွဲဆီဆန် တစ်ပိဿာကို ငွေကျပ် ၇,၈၀၀၊ S1 လုံးဆန် တစ်ပိဿာကို ငွေကျပ် ၈,၀၀၀ ၊ ပဲအရည်အသွေးလျော့ကျပါက တစ်ပိဿာ ငွေကျပ် ၇,၆၀၀ နှင့် ၇,၇၀၀ ပေါက်ဈေးဖြင့် အသင်းအနေနဲ့ ဝယ်ယူပေးနေတာဖြစ်ပါသည်။

news-view-count-icon

46