မြန်မာပြည်တွင်း ရပ်ကွက်ဈေးများတွင် ဟင်းသီးဟင်းရွက်အချို့ဈေးပေါပြီး အချို့ကတော့ ဈေးမြင့်တက်လျက်ရှိသည်။ သံပုရာသီးတစ်လုံး ၃၀၀ ကျပ်၊ ၄၀၀ ကျပ်၊ ၅၀၀ ကျပ်ဈေးများဖြင့် ဈေးမြင့်တက်သည်။ ရှောက်သီးတစ်လုံး ၁,၀၀၀-၁,၂၀၀ ကျပ်ဈေးဖြင့် ပုံမှန်အတိုင်းရှိသည်။ခရမ်းချဉ်သီးတစ်ဆယ်သား ၃၀၀-၄၀၀ ကျပ်၊ ကိုင်းခရမ်းချဉ်သီးတစ်ဆယ်သား ၅၀၀-၆၀၀ ကျပ်၊ ဂေါ်ဖီတစ်ထုပ် ၁,၀၀၀-၁,၅၀၀ ကျပ်၊ ဂေါ်ရခါးသီးသုံးလုံး ၁,၀၀၀ ကျပ်၊ပိန်းဥတစ်ဆယ်သား ၆၀၀ ကျပ် ဈေးတို့ဖြင့် ပေါပေါများများ တွေ့ရသည်။ တရုတ်ကန်စွန်းရွက်တစ်စည်း ၁,၂၀၀ ကျပ်၊ ထိုင်ဝမ်ကန်စွန်းရွက်တစ်စည်း ၇၀၀ ကျပ်ဈေးတို့ဖြင့် ဈေးအမြင့်ပိုင်းတွင်ရှိသည်။ ကင်မွန်းချဉ်ရွက်တစ်စည်း ၆၀၀-၈၀၀ ကျပ်၊ မုန်လာဥဖြူတစ်စည်း ၁,၇၀၀ ကျပ်၊ ဆူးပုတ်ရွက်တစ်စည်း ၁,၀၀၀ ကျပ်၊ကြက်ဟင်းခါးသီးတစ်လုံး ၁,၀၀၀ ကျပ်ဈေးများဖြင့် အမြင့်ဈေးများတွင်ရှိသည်။ ခရမ်းသီးတစ်လုံး ၄၀၀ ကျပ်၊ မျှစ်တစ်ဆယ်သား ၁,၀၀၀ ကျပ်၊ နံနံပင်အစည်းသေးတစ်စည်း ၅၀၀ ကျပ်၊ ပြောင်းဖူးတစ်ဖူး ၈၀၀ ကျပ်၊ မုန်လာဥနီအလုံးကြီးတစ်လုံး ၂,၀၀၀ ကျပ်၊ မြင်းခွာရွက်အစည်းသေးတစ်စည်း ၅၀၀ ကျပ်၊ ပူစီနံတစ်စည်း ၅၀၀ ကျပ်၊ မုန်ညင်းရွက်တစ်စည်း ၅၀၀ ကျပ်ဈေးတို့ဖြင့် အမြင့်ဈေးများတွင်ရှိသည်။
Nov 14 • 3:08 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 52 | 0 | 0 | 0 |


