ထိုင်းနိုင်ငံတောင်ပိုင်း၊ ဖန်ငခရိုင်အခြေစိုက် ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (FED) မှ ဖွင့်လှစ်ထားသော မြန်မာရွှေ့ပြောင်းအလုပ်သမားကလေးငယ်များ ပညာသင်ကြားရေးစင်တာ (FED/ULC Learning Center)ကို ခရိုင်ပညာရေးဌာန၊ မြို့နယ်အုပ်ချုပ်ရေးရုံး၊လူဝင်မှု ကြီးကြပ်ရေးနှင့် အလုပ်သမားရေးဌာနများမှ တာဝန်ရှိသူများ ပူးပေါင်း၍ ယမန်နေ့(နိုဝင်ဘာလ ၁၃ ရက်)က လာရောက် စစ်ဆေးခဲ့ကြောင်း FED တာဝန်ရှိသူက ပြောကြားသည်။ ယခုကဲ့သို့ လာရောက်စစ်ဆေးခြင်းသည် နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံးအကြိမ်ဖြစ်ပြီး ပုဂ္ဂိုလ် (သို့မဟုတ်) အဖွဲ့အစည်းတစ်ခုခုမှ တိုင်ကြားမှုကြောင့် လာရောက်စစ်ဆေးခြင်းလည်း ဖြစ်သည်။
Nov 14 • 3:12 AM
ထိုင်း
ပြည်တွင်းသတင်း
မျှဝေမည်
| 21 | 0 | 0 | 0 |


