back

ရန်ကုန်ရှိ အမေရိကန်သံရုံး လုပ်ငန်းဆောင်တာများ ပုံမှန်အတိုင်း ပြန်လည်လည်ပတ်

Nov 14 • 2:29 AM

breaking-news

မြန်မာ

ရန်ကုန်

cover

ရန်ကုန်ရှိ အမေရိကန်သံရုံး လုပ်ငန်းဆောင်တာများ ပုံမှန်အတိုင်း ပြန်လည်လည်ပတ်

ရန်ကုန်မြို့ရှိ အမေရိကန်သံရုံးသည် အမေရိကန်အစိုးရ၏ ဘဏ္ဍာငွေလျာထားမှု အတည်ပြုချက်မရသေးသည့် ကြားကာလ ပြီးဆုံးသွားပြီဖြစ်သောကြောင့် ယနေ့ နိုဝင်ဘာ ၁၃ ရက်မှစ၍ ပုံမှန်လ...

ရန်ကုန်မြို့ရှိ အမေရိကန်သံရုံးသည် အမေရိကန်အစိုးရ၏ ဘဏ္ဍာငွေလျာထားမှု အတည်ပြုချက်မရသေးသည့် ကြားကာလ ပြီးဆုံးသွားပြီဖြစ်သောကြောင့် ယနေ့ နိုဝင်ဘာ ၁၃ ရက်မှစ၍ ပုံမှန်လုပ်ငန်းဆောင်တာများအားလုံး ပြန်လည်လည်ပတ်နေပြီဖြစ်ကြောင်း အသိပေးထုတ်ပြန်သည်။ ယခင်က ထိုကြားကာလကြောင့် ပုံမှန်လုပ်ငန်းများကို အပြည့်အဝ ဆောင်ရွက်နိုင်ခြင်းမရှိခဲ့ဘဲ Facebook အသုံးပြုမှုကိုပင် ရပ်နားထားခဲ့ရသည်။ သို့သော်လည်း နိုင်ငံကူးလက်မှတ်နှင့် ဗီဇာဝန်ဆောင်မှုများကိုမူ ရက်ချိန်းအတိုင်း ဆက်လက်ဆောင်ရွက်ပေးခဲ့ပြီး ယခုအခါ ပိုမိုပြည့်စုံစွာ လည်ပတ်နိုင်ပြီဖြစ်ကြောင်းနှင့် နောက်ဆုံးရ ဝန်ဆောင်မှုအခြေအနေမျာကိုmm.usembassy.gov တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သံရုံးက အသိပေးထားသည်။

news-view-count-icon

20