တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောကြားချက်အရ တရုတ်ဝန်ကြီးချုပ် လီကျန်းသည် နိုဝင်ဘာလ ၁၇ ရက်နေ့မှ ၁၈ ရက်နေ့အထိ ရုရှားနိုင်ငံ၊ မော်စကိုမြို့၌ ကျင်းပမည့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO) အစိုးရအကြီးအကဲများကောင်စီ၏ ၂၄ ကြိမ်မြောက် အစည်းအဝေးကို တက်ရောက်မည်ဖြစ်သည်။ ထို့အပြင် နိုဝင်ဘာ ၁၉ ရက်နေ့မှ ၂၀ ရက်နေ့အထိ ဇမ်ဘီယာနိုင်ငံသို့ တရားဝင်ခရီးစဉ် သွားရောက်မည်ဖြစ်ပြီး၊ နိုဝင်ဘာလ ၂၁ ရက်နေ့မှ ၂၃ ရက်နေ့အထိ တောင်အာဖရိက၊ ဂျိုဟန်နက်စ်ဘတ်မြို့၌ ကျင်းပပြုလုပ်မည့် အကြိမ် ၂၀ မြောက် ဂျီ-၂၀ ထိပ်သီးအစည်းအဝေးကိုလည်း ဆက်လက် တက်ရောက်သွားမည်ဖြစ်ကြောင်း သိရသည်။
Nov 14 • 2:28 AM
တရုတ်
ပြည်တွင်းသတင်း
မျှဝေမည်
| 14 | 0 | 0 | 0 |


