back

ထိုင်းရဲများ၏ စီးနင်းဖမ်းဆီးမှုမှ ထွက်ပြေးခဲ့သည့် ကမ္ဘောဒီးယားလွှတ်တော်အမတ်၏ သားသမီး ၃ ဦးကို ထိုင်းနိုင်ငံသားအဖြစ်မှ ရုပ်သိမ်း

Nov 14 • 2:26 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ထိုင်းရဲများ၏ စီးနင်းဖမ်းဆီးမှုမှ ထွက်ပြေးခဲ့သည့် ကမ္ဘောဒီးယားလွှတ်တော်အမတ်၏ သားသမီး ၃ ဦးကို ထိုင်းနိုင်ငံသားအဖြစ်မှ ရုပ်သိမ်း

ရာဇဝတ်မှုများနှင့် ဆက်စပ်သည်ဟု စွပ်စွဲခံထားရသည့် ကမ္ဘောဒီးယား အထက်လွှတ်တော်အမတ် ကွတ်အန်၏ သားတစ်ဦးနှင့် သမီးနှစ်ဦးဖြစ်သော ကစ်တီဆတ်၊ ဖူးချာလင်နှင့် ဂျူရီကလောင်ကစ်...

ရာဇဝတ်မှုများနှင့် ဆက်စပ်သည်ဟု စွပ်စွဲခံထားရသည့် ကမ္ဘောဒီးယား အထက်လွှတ်တော်အမတ် ကွတ်အန်၏ သားတစ်ဦးနှင့် သမီးနှစ်ဦးဖြစ်သော ကစ်တီဆတ်၊ ဖူးချာလင်နှင့် ဂျူရီကလောင်ကစ်ကောလ်တို့ကို ထိုင်းပြည်ထဲရေးဝန်ကြီးဌာနက ထိုင်းနိုင်ငံသားအဖြစ်မှ တရားဝင် ရုပ်သိမ်းလိုက်ကြောင်း နိုဝင်ဘာ ၁၀ ရက်တွင် ထုတ်ပြန်ခဲ့သည်။ အဆိုပါ သုံးဦးသည် မိဘရင်းမဟုတ်သည့် ထိုင်းစုံတွဲတစ်တွဲမှတစ်ဆင့် တရားမဝင် နိုင်ငံသားဖြစ်ခွင့် ရရှိခဲ့ကြောင်း အထောက်အထားများက ဖော်ပြနေပြီး၊ ရွိုင်အက်ပြည်နယ်တွင် မွေးစာရင်း မှတ်ပုံတင်ခဲ့ခြင်းဖြစ်သည်။ ၎င်းတို့သုံးဦး၏ နေရပ်လိပ်စာများနှင့် အိမ်ထောင်စုမှတ်ပုံတင်ခြင်းများကိုလည်း ပယ်ဖျက်ခဲ့သည်။ ကွတ်အန်၏ သားသမီးများသည် လောင်းကစား၊ လူကုန်ကူးမှု၊ ငွေကြေးခဝါချမှုနှင့် အွန်လိုင်းလိမ်လည်မှုများဖြင့် စွပ်စွဲခံထားရပြီး ယခုနှစ် ဇူလိုင်လတွင် ဘန်ကောက်နှင့် အခြားပြည်နယ်များရှိ ၎င်းတို့၏ ရုံးများနှင့် အိမ်များကို ရဲများက ဝင်ရောက်စီးနင်းမှု မပြုမီကတည်းက ထိုင်းနိုင်ငံမှ ထွက်ပြေးတိမ်းရှောင်သွားခဲ့သည်ဟု ယူဆရသည်။

news-view-count-icon

23