back

ပဲခူးမြို့ထဲရှိ ယာဉ်ရပ်နားဝန်းကို ကလိကျေးရွာအနီး မြို့ပြင်သို့ ပြောင်းရွှေ့ရန် စီစဉ်နေ

Nov 14 • 2:24 AM

breaking-news

မြန်မာ

ပဲခူး

cover

ပဲခူးမြို့ထဲရှိ ယာဉ်ရပ်နားဝန်းကို ကလိကျေးရွာအနီး မြို့ပြင်သို့ ပြောင်းရွှေ့ရန် စီစဉ်နေ

ပဲခူးမြို့သို့ ဝင်ရောက်မည့် အဝေးပြေးယာဉ်များအားလုံးကို မြို့ထဲမှ ဖြတ်သန်းမောင်းနှင်ခွင့်မပြုတော့ဘဲ မြို့ပြင် ကလိကျေးရွာအနီးရှိ ယာဉ်ရပ်နားဝန်းအသစ်တွင်သာ ရပ်နားရမ...

ပဲခူးမြို့သို့ ဝင်ရောက်မည့် အဝေးပြေးယာဉ်များအားလုံးကို မြို့ထဲမှ ဖြတ်သန်းမောင်းနှင်ခွင့်မပြုတော့ဘဲ မြို့ပြင် ကလိကျေးရွာအနီးရှိ ယာဉ်ရပ်နားဝန်းအသစ်တွင်သာ ရပ်နားရမည်ဟု သတင်းများထွက်ပေါ်နေကြောင်း ဒေသခံများထံမှ သိရသည်။ အဆိုပါ ယာဉ်ရပ်နားဝန်းအသစ်သည် မြို့ရှောင်လမ်းပေါ်တွင် တည်ရှိပြီး၊ ခရီးသည်များသည် ယာဉ်ဝန်းအသစ်မှ မြို့တွင်းသို့ သီးခြားဆက်လက်ဝင်ရောက်ရမည်ဖြစ်ကာ၊ ဤကဲ့သို့ ပြောင်းရွှေ့ခြင်းကြောင့် မြို့ပြင်မှ မြို့တွင်းသို့ သယ်ယူပို့ဆောင်ရေးစရိတ်များ မြင့်တက်လာပြီး အခြေခံစားသောက်ကုန် ဈေးနှုန်းများ မြင့်တက်လာနိုင်မှုကို ဒေသခံကုန်သည်များက စိုးရိမ်နေကြသည်။ လက်ရှိတွင် ယာဉ်ရပ်နားဝန်းအသစ် ပြင်ဆင်မှု ပြီးစီးနေသော်လည်း မြို့တွင်းသို့ ဆက်လက်ပြေးဆွဲပေးမည့် ယာဉ်များမရှိသေးသောကြောင့် ဒေသခံခရီးသည်များ အခက်အခဲကြုံတွေ့နေရကြောင်း သိရသည်။

news-view-count-icon

46