back

အီရန်မြို့တော် တီဟီရန်တွင် သောက်သုံးရေ ၉ ရက်စာသာ ကျန်ရှိသဖြင့် မြို့ပြောင်းရွှေ့ရမည့် အခြေအနေ ရင်ဆိုင်နေရ

Nov 14 • 2:23 AM

breaking-news

မြန်မာ

ပြည်ပ

cover

အီရန်မြို့တော် တီဟီရန်တွင် သောက်သုံးရေ ၉ ရက်စာသာ ကျန်ရှိသဖြင့် မြို့ပြောင်းရွှေ့ရမည့် အခြေအနေ ရင်ဆိုင်နေရ

လူဦးရေ ၁၀ သန်းနေထိုင်သော အီရန်နိုင်ငံမြို့တော် တီဟီရန်တွင် သမိုင်းတစ်လျှောက် အဆိုးရွားဆုံး မိုးခေါင်ရေရှားမှု၊ စီမံကိန်းအမှားများ၊ လူဦးရေတိုးပွားမှုနှင့် မြေအော...

လူဦးရေ ၁၀ သန်းနေထိုင်သော အီရန်နိုင်ငံမြို့တော် တီဟီရန်တွင် သမိုင်းတစ်လျှောက် အဆိုးရွားဆုံး မိုးခေါင်ရေရှားမှု၊ စီမံကိန်းအမှားများ၊ လူဦးရေတိုးပွားမှုနှင့် မြေအောက်ရေ အလွန်အကျွံ ထုတ်သုံးမှုတို့ကြောင့် သောက်သုံးရေ အရင်းအမြစ်ဖြစ်သည့် လတ်တီယမ်ဆည်အတွင်း ရေပမာဏသည် မြို့လူဦးရေအတွက် ၉ ရက်စာသာ ကျန်ရှိတော့ကြောင်း သိရသည်။ အီရန်သမ္မတ မာဆွတ်ပီဇက်ခီယန်က ၎င်းသည် အလွန်ဆိုးရွားသော ကပ်ဘေးဖြစ်ပြီး တီဟီရန်ကို တစ်စိတ်တစ်ပိုင်း သို့မဟုတ် တစ်မြို့လုံး ရွှေ့ပြောင်းရဖွယ်ရှိနေသည်ဟု နိုဝင်ဘာ ၁၁ ရက်တွင် လွှတ်တော်၌ ထုတ်ပြန်ပြောဆိုခဲ့သည်။ ၎င်းက ဒုတိယအကြီးဆုံးမြို့ မက်ရှ်ဟက်၏ ရေလှောင်ဆည်သည် ၃ ရာခိုင်နှုန်းသာ ကျန်တော့ကြောင်းနှင့် တစ်နိုင်ငံလုံးရှိ ဆည် ၁၉ ခု ပိတ်ထားရပြီဖြစ်ကြောင်း၊ တီဟီရန်တွင် ၆ နှစ်ဆက်တိုက် မိုးခေါင်နေပြီး ယမန်နှစ်ထက် မိုးရွာသွန်းမှုနှုန်း ၄၀ ရာခိုင်နှုန်း ထပ်ကျဆင်းသွားသဖြင့် အခြေအနေမှာ ကပ်ဘေးထက်ပင် ပိုဆိုးရွားနေသည်ဟု ပြောကြားခဲ့သည်။

news-view-count-icon

27