ဗြိတိန်နိုင်ငံတွင် နှစ်စဉ် ဆောင်းရာသီ၌ ဖြစ်ပွားလေ့ရှိသော ရာသီတုပ်ကွေးသည် ယခုနှစ်တွင် နွေရာသီ၌ ရုတ်တရက် သန္ဓေပြောင်းသွားခဲ့ပြီး၊ ၎င်းပိုးသည် လူ့ခန္ဓာကိုယ်၏ ခုခံအားစနစ် ထိုးဖောက်မှုကို ရှောင်တိမ်းနိုင်ပုံရကာ သာမန်အချိန်ထက် တစ်လစောပြီး စတင်ဖြစ်ပွားလာခဲ့ကြောင်း သိရသည်။ ထိပ်တန်းတုပ်ကွေးပညာရှင်များက ဤရာသီသည် လွန်ခဲ့သော ၁၀ နှစ်အတွင်း အဆိုးဆုံးဖြစ်လာနိုင်ကြောင်း သတိပေးပြောဆိုထားပြီး၊ ကမ္ဘာ့တုပ်ကွေးဗဟိုဌာနမှ ပါမောက္ခ နီကိုလာ လူဝစ္စက "ဒီလိုဗိုင်းရပ်စ်မျိုးကို အရင်က မမြင်ခဲ့ရဖူးပါဘူး၊ ဒီအခြေအနေတွေက ထူးခြားနေတယ်" ဟုဆိုကာ စိုးရိမ်ကြောင်း ပြောကြားခဲ့သည်။ ထို့ကြောင့် ဗြိတိသျှအမျိုးသားကျန်းမာရေးစနစ် (NHS) သည် ပြင်းထန်သော ဆောင်းရာသီ တုပ်ကွေးဖြစ်ပွားမှုကို စိုးရိမ်သဖြင့် ပြည်သူများအား တုပ်ကွေးကာကွယ်ဆေး ထိုးနှံကြရန် အရေးပေါ် ပန်ကြားချက်ကို ထုတ်ပြန်ခဲ့သည်။
Nov 14 • 2:32 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 26 | 0 | 0 | 0 |


