back

ဝိုင်းမော်မြို့နယ်တွင် ငွေကျပ် ၂ ဒသမ ၃ ဘီလီယံကျော်တန်ဖိုးရှိ ဘိန်းဖြူ ၄၇ ကီလိုကျော်နှင့် စိတ်ကြွဆေးပြား ၇ သိန်းကျော် ဖမ်းဆီးရမိ

Nov 13 • 5:08 PM

breaking-news

မြန်မာ

ကချင်

cover

ဝိုင်းမော်မြို့နယ်တွင် ငွေကျပ် ၂ ဒသမ ၃ ဘီလီယံကျော်တန်ဖိုးရှိ ဘိန်းဖြူ ၄၇ ကီလိုကျော်နှင့် စိတ်ကြွဆေးပြား ၇ သိန်းကျော် ဖမ်းဆီးရမိ

လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် အောက်တိုဘာလ ၃၀ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲအချိန် သတင်းအရ ဝိုင်းမော်မြို့နယ်၊ နတ်မြစ်ခတံတားအနီးတွင် လထော်နန်အောင...

လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် အောက်တိုဘာလ ၃၀ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲအချိန် သတင်းအရ ဝိုင်းမော်မြို့နယ်၊ နတ်မြစ်ခတံတားအနီးတွင် လထော်နန်အောင် မောင်းနှင်ပြီး ဇခုန်ဒန်ရိန် လိုက်ပါလာသော TOYOTA HILUX REVO မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်မှ ဘိန်းဖြူ ၄၇ ဒသမ ၅၂ ကီလို(၎င်းဒေသတန်ဖိုးငွေကျပ် ၁ ဒသမ ၁၈၈ ဘီလီယံ)နှင့် စိတ်ကြွဆေးပြား ၇ ဒသမ ၈ သိန်း(၎င်းဒေသတန်ဖိုးငွေကျပ် ၁ ဒသမ ၁၇ ဘီလီယံ)တို့အား ဖမ်းဆီးရမိခဲ့သဖြင့် စုစုပေါင်းဒေသတန်ဖိုးငွေကျပ် ၂ ဒသမ ၃၅၈ ဘီလီယံတန်ဖိုးရှိ မူးယစ်ဆေးဝါးများဖမ်းဆီးရမိခဲ့ကြောင်း၊ စစ်ဆေးပေါ်ပေါက်ချက်အရ ဖမ်းဆီးရမိ မူးယစ်ဆေးဝါးများ သယ်ဆောင်ခိုင်းသူမှာ နမ့်ခမ်းမြို့နယ်နေ ခေါင်ဒေါင်(ဖမ်းဆီးရန်ကျန်)ဖြစ်ကြောင်း၊ ဖမ်းဆီးရမိ မူးယစ်ဆေးဝါးများအား နမ့်ခမ်းမှ ဝိုင်းမော်သို့ သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း သိရပါသည်။






news-view-count-icon

19