ထိုင်းနိုင်ငံ၊Sing Buri ခရိုင်၊ In Buri မြို့နယ်ခွဲက Wat Prasat အနီး၊ Moo 5 နဲ့ Moo 4 ကြားက ရေကာတာတစ်ခုဟာ တိုးလာတဲ့ ရေရဲ့ ဖိအားကြောင့် ပြိုကျသွားခဲ့ပြီး၊ ရွာတွေထဲကို ရေထု အလုံးအရင်း ဝင်ရောက်လာခဲ့ပါတယ်။In Buri မြို့နယ်ခွဲထဲက Moo 5၊ Moo 4 နဲ့ Moo 3 ဆိုတဲ့ ရွာ ၃ ရွာကို အလျင်အမြန် ရေလွှမ်းမိုးခဲ့ပြီး ဒေသခံတွေအမြန်ထွက်ပြေးခဲ့ကြပါတယ်။ ဘေးအန္တရာယ် စောင့်ကြည့်ရေး အဖွဲ့တွေက ရေတွေဟာ အဓိက လူထုနဲ့ အစိုးရ နေရာတွေဆီကို စီးဝင်နေပါတယ်လို့ပြောပါတယ်။ အဲဒီနေရာတွေကတော့-In Buri ခရိုင်ရုံး၊ In Buri ရဲစခန်းWat Samronတို့ဖြစ်ပါသည်။အာဏာပိုင်တွေက ဒေသခံတွေကို တန်ဖိုးရှိ ပစ္စည်းတွေကို မြင့်ရာကို ရွှေ့ဖို့၊ ယာဉ်တွေကို ဘေးကင်းတဲ့ နေရာတွေဆီ ရွှေ့ပြောင်းဖို့နဲ့ တရားဝင် သတိပေးချက်တွေကို အနီးကပ် စောင့်ကြည့်ဖို့ အရေးပေါ် သတိပေးချက် ထုတ်ပြန်ခဲ့ပါတယ်။
Nov 14 • 2:08 AM
ထိုင်း
ပြည်တွင်းသတင်း
မျှဝေမည်
| 22 | 0 | 0 | 0 |


