နိုဝင်ဘာ ၁၃ ရက်၊ ၂၀၂၅ မနက်ပိုင်းအစောပိုင်းတွင် မဲဆောက်မြို့နယ်၊ မယ်ပကျေးရွာ အမှတ် (၇)အုပ်ချုပ်ရေးမှုးရဲ့ပြောပြချက်အရ ရွာသားတစ်ဦးက စိုက်ပျိုးရေးခြံထဲဆင်းချိန် ကျားတစ်ကောင်တွေ့ရှိကြောင်း အုပ်ချုပ်ရေးမှုးကို အကြောင်းကြားခဲ့သည်။ထို့နောက် အုပ်ချုပ်ရေးမှုးက မဲဆောက်မြို့နယ် မယ်ပကျွေးရွာ အုပ်ချုပ်ရေးမှုး နှင့် မဲဆောက်မြို့နယ်၊ ဟွေဟင်ဖန်ကျေးရွာ အမှတ် ၆ အုပ်ချုပ်ရေးမှုးတို့က သဘာဝသစ်တောထိန်းသိမ်းရေးတာဝန်ရှိများထံအကြောင်းကြားခဲ့ပြီး တာဝန်ရှိများက သွားရောက်စစ်ဆေးခဲ့ရာ ကျားခြေရာမှန်ကြောင်း အတည်ပြုခဲ့သည်။ သစ်တောအရာရှိများရဲ့ စစ်ဆေးတွေ့ရှိချက်အရ ခြေရာများသည် ကျားခြေရာဟု အတည်ပြုခဲ့ပေမဲ့ ကျားအမျိုးအစားကိုတော့ အတည်မပြုရသေးပါ။ ထိုနေရာသည် တစ်ချိန်က Namtok Pha Charoen အမျိုးသားဥယျာဉ်တွင် သူတို့ရဲ့ စားကျက်ဖြစ်ပြီး မတွေ့ရတာအတော်ကြာပြီးဖြစ်တဲ့အတွက် ရှင်းလင်းစွာသိရှိစေရန်အတွက် တာဝန်ရှိများက စောင့်ကြည့်ကင်မရာများတပ်ဆင်ပြီး ရှာဖွေသွားမည်ဟု ဆိုပါသည်။



