လားရှိုးဘက်မှ လွှတ်ပေးလိုက်သည့် တရုတ်ကုန်ပစ္စည်းမျိုးစုံ တင်ဆောင်လာသော ကုန်တင်ကားအစီး ၆၀ ခန့်ကို ယမန်နေ့ နိုဝင်ဘာ ၁၂ ရက်က ရှမ်းပြည်တောင်ပိုင်း၊ နောင်ဝိုးလမ်းပိုင်းတွင် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဗျူဟာမှူးကိုယ်တိုင်ဆင်းပြီး နေပြည်တော်ဒရုန်းအဖွဲ့နှင့် ပူးပေါင်းကာ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ယခင်က ယင်းကဲ့သို့ တရားမဝင်ကုန်စည်များ တင်ဆောင်လာသည့်ယာဥ်များကို ဖမ်းဆီးမှုတွင် လိုင်စင်မဲ့ယာဥ်များကို သိမ်းဆည်းပြီး ကုန်အမျိုးအစားများအပေါ်ခွဲခြား၍ ပြစ်ဒဏ်ကြေးများဖြင့် အကောက်ခွန်တွင် ပြန်လည်လျှောက်ထား ရယူနိုင်ကြောင်း ထုတ်ပြန်ထားရာ ယခုတွင်လည်း ယင်းကဲ့သို့ပင် လုပ်ဆောင်လာနိုင်ဖွယ်ရှိကြောင်း ကုန်သည်များက ခန့်မှန်းနေကြသည်။



