နိုဝင်ဘာ ၇ ရက်က ထိုင်းလွှတ်တော်မှာ ည၁၂နာရီကနေ မနက် ၁၁ နာရီ၊ မွန်းလွဲ ၂ နာရီကနေ ညနေ ၅ နာရီအထိ အရက်မသောက်ရ၊ ရောင်းချခြင်းမပြုရဆိုတဲ့ ဥပဒေဟောင်းကို ပြန်လည်အသက်သွင်းခဲ့ရာမှာ နိုင်ငံ တစ်ဝန်း စီးပွားရေးပိုင်းထိခိုက်မှု၊ လူထု နားလည်လက်ခံကျင့်သုံးနိုင်ရန်ခက်ခဲမှု၊ ခေတ်နေထိုင်ရှင်သန်ပုံတွေအရ မဖြစ်နိုင်တာကြောင့် ဝေဖန်ဆန့်ကျင်မှုတွေများပြားတာနဲ့ ပတ်သက်ပြီး ထိုင်း ကျန်းမာရေးဝန်ကြီးဌာနက ဒီ ဥပဒေဟာ ရဲ အမှုအခင်းမဟုတ်သလို ပညာပေးခြင်းနဲ့ ဓလေ့စရိုက်တွေကို လေ့လာစစ်တမ်းကောက်ယူခြင်း အဆင့်သာ ဖြစ်တယ်လို့ နိုဝင်ဘာ ၁၂ ရက်က ထုတ်ပြန်ရှင်းလင်းသွားခဲ့ပါတယ်။



