back

တာချီလိတ်မြို့နယ်အတွင်း မီးသတ် တပ်ဖွဲ့ဟု အယောင်ဆောင်ကာ ငွေကြေးလိမ်လည်မှုများ ရှိနေ

Nov 13 • 4:01 PM

breaking-news

မြန်မာ

ရှမ်း

cover

တာချီလိတ်မြို့နယ်အတွင်း မီးသတ် တပ်ဖွဲ့ဟု အယောင်ဆောင်ကာ ငွေကြေးလိမ်လည်မှုများ ရှိနေ

အောက်တိုဘာလအတွင်းက တာချီလိတ်မြို့နယ်၏ ဆန်ဆိုင်း (ခ) ရပ်ကွက်အတွင်းရှိ အိမ်ခန်းငှါး နှင့် မကာဟိုခမ်းရပ်ကွက်ရှိ ဆိုင်တခုအား မီးသတ်ဌာနမှ ဟုဆိုကာ မီးသတ်ဆေးဘူး ဝယ်ယူရ...

အောက်တိုဘာလအတွင်းက တာချီလိတ်မြို့နယ်၏ ဆန်ဆိုင်း (ခ) ရပ်ကွက်အတွင်းရှိ အိမ်ခန်းငှါး နှင့် မကာဟိုခမ်းရပ်ကွက်ရှိ ဆိုင်တခုအား မီးသတ်ဌာနမှ ဟုဆိုကာ မီးသတ်ဆေးဘူး ဝယ်ယူရန်နှင့် မီးသတ်အခွန်အခဟုဆိုကာ ကေပေးမှတဆင့် ငွေကြေးလွှဲပေးရန် ပြောဆိုလာကြောင်း ကာယကံရှင်များ၏ ပြောကြားချက်အရ သိရှိရသည်။အဆိုပါ ကိစ္စနှင့်ပတ်သတ်ပြီး သက်ဆိုင်ရာ မီးသတ်ရုံးမှ တာဝန်ရှိသူအနေနှင့် သိရှိခြင်းမရှိဘဲ ကောက်ခံခိုင်းခြင်းမရှိကြောင်း သိရှိရပြီးနောက် ဆက်သွယ်ပြောကြားသည့် ဖုန်းအား ပြန်လည်ဆက်သွယ်ရာ အဆိုပါ ဖုန်းမှာ စက်ပိတ်ထားပြီး လိမ်လည်ခြင်း ဖြစ် ကြောင်း စစ်ဆေးတွေ့ရှိရသည်။တာချီလိတ်မြို့နေ ပြည်သူများအနေနှင့် သဘာဝဘေးအန္တရာယ် နှင့် ပတ်သတ်၍ အကူအညီ လိုအပ်၍ ဖြစ်စေ၊ မီးသတ်ရုံးနှင့်ပတ်သတ်သော အချက်အလက်များ လိုအပ်လာပါက ၀၉၂၅၆၁၁၄၂၈၉၊၀၉ ၄၀၇၂၂၄၁၉ ၊၀၈၄၂၀၅၁၇၇၀သို့ တိုက်ရိုက်ဆက်သွယ်မေးမြန်းနိုင်ပြီး  ခရိုင်မီးသတ်ရုံးသို့ တိုက်ရိုက် ဆောင်ရွက်နိုင်ပါကြောင်း သိရှိရသည်။



news-view-count-icon

23