back

ထိုင်းအစိုးရက အထောက်အထားမဲ့ ရွှေ့ပြောင်းအလုပ်သမားတွေကို တစ်နှစ်ဆက်လက်အလုပ်လုပ်ခွင့်ပေးမည်

Nov 13 • 4:00 PM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ထိုင်းအစိုးရက အထောက်အထားမဲ့ ရွှေ့ပြောင်းအလုပ်သမားတွေကို တစ်နှစ်ဆက်လက်အလုပ်လုပ်ခွင့်ပေးမည်

ထိုင်းနိုင်ငံဟာ အိမ်နီးချင်း နိုင်ငံတွေက တရားမဝင် ရွှေ့ပြောင်း အလုပ်သမားတွေကို နိုင်ငံထဲမှာ တရားဝင် နေထိုင်ပြီး အလုပ်လုပ်ခွင့်ပြုမယ့် တစ်နှစ် သက်တမ်းတိုးခွင့်ကိ...

ထိုင်းနိုင်ငံဟာ အိမ်နီးချင်း နိုင်ငံတွေက တရားမဝင် ရွှေ့ပြောင်း အလုပ်သမားတွေကို နိုင်ငံထဲမှာ တရားဝင် နေထိုင်ပြီး အလုပ်လုပ်ခွင့်ပြုမယ့် တစ်နှစ် သက်တမ်းတိုးခွင့်ကို အတည်ပြုလိုက်ပါတယ်။ အလုပ်သမား ဝန်ကြီး Trinuch Thienthong က ဒီအစီအမံကို ဒီတစ်ပတ်မှာ ကြေညာခဲ့ပါတယ်။ ဒါဟာ နေထိုင်ခွင့် ဒါမှမဟုတ် အလုပ်လုပ်ခွင့် ပါမစ်တွေ ရက်ကျော်နေသူတွေ၊ ဒါမှမဟုတ် နိုင်ငံထဲကို တရားမဝင် ဝင်ရောက်ခဲ့တဲ့ လာအို၊ မြန်မာ နဲ့ ဗီယက်နမ် အလုပ်သမားတွေနဲ့ သက်ဆိုင်တယ်လို့ အတည်ပြု ပြောကြားခဲ့ပါတယ်။ ဒီအစီအစဉ်ဟာ ကမ္ဘောဒီးယား အလုပ်သမား ၁၀၀,၀၀၀ နီးပါးကို သက်တမ်းတိုးပေးဖို့ကို ဆိုင်းငံ့လိုက်ပြီးနောက်မှာ ထွက်ပေါ်လာတာ ဖြစ်ပါသည်။


news-view-count-icon

10