ကမ္ဘောဒီးယားနိုင်ငံ၊ ဘန်တေမိန်းချေးပြည်နယ်၊ ပရေးချန်ကျေးရွာတွင် နိုဝင်ဘာ ၁၂ ရက် (ဗုဒ္ဓဟူးနေ့) မွန်းလွဲပိုင်းအချိန်တွင် ဖြစ်ပွားခဲ့သော ထိုင်းတပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှုဖြစ်စဉ်အပေါ် “ကမ္ဘောဒီးယားအရပ်သားများက ထိုင်းစစ်သားများ၏ အသက်အန္တရာယ်ကို ခြိမ်းခြောက်ခြင်း၊ လက်နက်နှင့် တိုက်ခိုက်ရန် ကြိုးစားခြင်း သို့မဟုတ် တခြား ရန်လိုသည့် အပြုအမူမျိုး မပြုလုပ်ခဲ့သော်လည်း ထိုင်းတပ်သားများက ကမ္ဘောဒီးယားအရပ်သားများကို ဦးတည်ပစ်ခတ်ခဲ့မှု”ဖြစ်စဉ်အတွင်း ကမ္ဘောဒီးယားအရပ်သားတစ်ဦး သေဆုံးပြီး သုံးဦး ဒဏ်ရာရရှိခဲ့သည့်ကိစ္စအတွက် နောက်ဆက်တွဲဆောင်ရွက်မှုများကို ကမ္ဘောဒီးယားတော်ဝင်အစိုးရက ကြေညာချက် ထုတ်ပြန်ခဲ့သည်။ နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန (MFAIC) မှ ယနေ့ ထုတ်ပြန်သည့် ကြေညာချက်တွင် အာဆီယံစောင့်ကြည့်လေ့လာရေးအဖွဲ့ (ASEAN Observer Team) ၏ လေ့လာစောင့်ကြည့်မှုဖြင့် ဖြစ်စဉ်ကို ကွင်းဆင်းစုံစမ်းစစ်ဆေးမှု ပြုလုပ်သွားမည် ဖြစ်ကြောင်း ဖော်ပြထားသည်။



