ရှမ်းပြည်တောင်ပိုင်း၊ ပင်းတယမြို့၊ ဆူးဘိုကုန်းရပ်ကွက်တွင် ခွင့်ပြုချက်ဖြင့် လောင်းကစားဝိုင်းများ နေ့စဉ်ဖွင့်လှစ်နေကြောင်း ဒေသခံများထံမှ သိရသည်။ယင်းကဲ့သို့ လောင်းကစားဝိုင်းများကို ရက်ရှည်ခွင့်ပြုထားသည့်အတွက် လူငယ်များ ညလုံးပေါက်ကစားပြီး အလုပ်မသွားနိုင်တော့ခြင်း၊ ငွေကြေးဆုံးရှုံးမှုများလာခြင်းတို့ကြောင့် ကြံရာမရဖြစ်ကာ ခိုးဆိုးလုယက်မှုများ ပိုမိုကျူးလွန်လာကြောင်းလည်း ၎င်းကပြောသည်။လောင်းကစားဝိုင်းတွင် ဂျင်လေးကောင်၊ ဂလုံးဂလုံးနှင့် ဖဲဝိုင်းများပါဝင်ပြီး နေ့စဉ် အမျိုးသား၊အမျိုးသမီး လူငယ်များဖြင့် စည်ကားနေကြောင်း ဒေသခံများထံမှ သိရသည်။



