တရုတ်နိုင်ငံက အလိုရှိနေသည့် နာမည်ကြီး အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖြန့်) ခေါင်းဆောင်လည်းဖြစ်ရွှေကုက္ကို (ကျားဖြန့်) များ နောက်ကွယ်မှ သံသယရှိသူ မစ္စတာ ရှီကျင့်ကျန်းကို ထိုင်းနိုင်ငံက လွှဲပြောင်းပေးအပ်ခဲ့ရာ တရုတ်အာဏာပိုင်များလက်ထဲရောက်ရှိသွားပြီဖြစ်ကြောင်း ယနေ့ နိုဝင်ဘာလ ၁၃ရက်နေ့ တရုတ်သတင်းများက ဖော်ပြသည်။အရှေ့တောင်အာရှရှိ ကာစီနိုလောင်းကစားနှင့် အွန်လိုင်းစီးပွားရေးလုပ်ငန်းများတွင် အဓိက ရင်းနှီးမြှုပ်နှံသူ Yatai International Holding Group (Yatai IHG) ဥက္ကဋ္ဌ မစ္စတာ ရှီကျင့်ကျန်းကို အွန်လိုင်းလိမ်လည်မှုနှင့် တရုတ်နိုင်ငံသားများထံမှ ဘတ်ငွေဘီလီယံပေါင်းများစွာ လိမ်လည်မှုဖြင့် ၂၀၂၂ ဩဂုတ်လတွင် ဘန်ကောက်၌ဖမ်းဆီးကာ ဗဟိုအကျဉ်းထောင်ထဲ ထိန်းသိမ်းထားခဲ့သည်။ရှီကျင့်ကျန်းကိုနိုင်ငံတကာ ရာဇဝတ်မှုများအပါအဝင် အွန်လိုင်းလောင်းကစားလုပ်ငန်း ၂၀၀ ကျော်ကို တရားမဝင် လုပ်ကိုင်ခဲ့သော ကျားဖြန့်ငွေလိမ်ဂိုဏ်းများ၏ အဓိကခေါင်းဆောင်အဖြစ် ထင်ရှားသည့်အတွက် တရုတ်နိုင်ငံသို့ လွှဲပြောင်းပေးရန် ထိုင်းအယူခံတရားရုံးက အတည်ပြု ဆုံးဖြတ်ပြီးနောက် ၃ နှစ်ကျော်အချိန်၌ တရုတ်နိုင်ငံသို့ ပြန်လည် လွှဲပြောင်းပေးလိုက်ခြင်း ဖြစ်သည်။
Nov 13 • 4:01 AM
တရုတ်
ပြည်တွင်းသတင်း
မျှဝေမည်
| 25 | 0 | 0 | 0 |


