back

ထိုင်းနိုင်ငံ၊ချွန်ပူရီတွင် ငွေကြေးခက်ခဲမှုကြောင့် ငါးလောင်ပြိုင် မိသားစုလိုက် အသတ်ခံရ

Nov 13 • 4:00 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ထိုင်းနိုင်ငံ၊ချွန်ပူရီတွင် ငွေကြေးခက်ခဲမှုကြောင့် ငါးလောင်ပြိုင် မိသားစုလိုက် အသတ်ခံရ

ထိုင်းနိုင်ငံ၊ချွန်ပူရီ Sri Racha ခရိုင်မှာ ပြီးခဲ့တဲ့ အင်္ဂါနေ့ နေ့လယ်က အရမ်းကို သနားဖို့ကောင်းတဲ့ ဖြစ်ရပ်တစ်ခုဖြစ်ပွားခဲ့ပါသည်။ အိမ်ထောင်ဦးစီး အသက် ၆၂ နှစ်အရွ...

ထိုင်းနိုင်ငံ၊ချွန်ပူရီ Sri Racha ခရိုင်မှာ ပြီးခဲ့တဲ့ အင်္ဂါနေ့ နေ့လယ်က အရမ်းကို သနားဖို့ကောင်းတဲ့ ဖြစ်ရပ်တစ်ခုဖြစ်ပွားခဲ့ပါသည်။ အိမ်ထောင်ဦးစီး အသက် ၆၂ နှစ်အရွယ် ဖခင်က သူ့ရဲ့ မိသားစု လေးဦး အသက် ၆၀ အရွယ် မိန်းမ၊ အသက် ၂၁ နှစ်အရွယ် သမီး၊ အသက် တစ်နှစ်အရွယ် မြေးမလေးနဲ့ အသက် ၈၂ နှစ်အရွယ် သူ့အမေအိုကို သတ်ပြီး သူ ကိုယ်တိုင်လည်း သတ်သေသွားတာပါ။သူတို့ အသက်မရှိတာကို နှစ်ရက်ကြာမှ အိမ်နီးချင်းတွေက သိခဲ့တာဖြစ်ပြီး အဲ့လူကြီးက အနားက ဈေးနားမှာ ဆန်ခေါ်က်ဆွဲရောင်းသူဖြစ်သလို နေ့တိုင်း အလုပ်သွားနေကြ၊ နှစ်ရက်လောက် တံခါး ပိတ်ထားတာတွေ့လို့ စုံစမ်းရင်း အပုပ်နံ့ထွက်လာမှ ရဲစခန်းကို အကြောင်းကြားခဲ့တာပါ။ ဒီလူကြီးက ပိုက်ဆံနဲ့ ပတ်သက်ပြီး အခက်အခဲရှိနေသလို ထင်ယောငိထင်မှားဖြစ်နေလို့ အခုလို သတ်မှုဖြစ်ပွားခဲ့တာလို့ ထင်ကြေးပေးနေကြပါတယ်။

news-view-count-icon

19