back

ရှမ်းပြည်တောင်ပိုင်း၊ပင်းတယတွင် လောင်းကစားဝိုင်းများ နေ့စဉ်လုပ်နေ

Nov 13 • 3:59 AM

breaking-news

မြန်မာ

ရှမ်း

cover

ရှမ်းပြည်တောင်ပိုင်း၊ပင်းတယတွင် လောင်းကစားဝိုင်းများ နေ့စဉ်လုပ်နေ

ရှမ်းပြည်တောင်ပိုင်း၊ ပင်းတယမြို့၊ ဆူးဘိုကုန်းရပ်ကွက်တွင် လောင်းကစားဝိုင်းများ နေ့စဉ်ဖွင့်လှစ်နေကြောင်း ဒေသခံများထံမှ သိရသည်။ယင်းကဲ့သို့ လောင်းကစားဝိုင်းများကိ...

ရှမ်းပြည်တောင်ပိုင်း၊ ပင်းတယမြို့၊ ဆူးဘိုကုန်းရပ်ကွက်တွင် လောင်းကစားဝိုင်းများ နေ့စဉ်ဖွင့်လှစ်နေကြောင်း ဒေသခံများထံမှ သိရသည်။ယင်းကဲ့သို့ လောင်းကစားဝိုင်းများကို ရက်ရှည်ခွင့်ပြုထားသည့်အတွက် လူငယ်များ ညလုံးပေါက်ကစားပြီး အလုပ်မသွားနိုင်တော့ခြင်း၊ ငွေကြေးဆုံးရှုံးမှုများလာခြင်းတို့ကြောင့် ကြံရာမရဖြစ်ကာ ခိုးဆိုးလုယက်မှုများ ပိုမိုကျူးလွန်လာကြောင်းလည်း ၎င်းက‌ပြောသည်။လောင်းကစားဝိုင်းတွင် ဂျင်လေးကောင်၊ ဂလုံးဂလုံးနှင့် ဖဲဝိုင်းများပါဝင်ပြီး နေ့စဉ် အမျိုးသား၊အမျိုးသမီး လူငယ်များဖြင့် စည်ကားနေကြောင်း ‌ဒေသခံများထံမှ သိရသည်။ယင်းကြောင့် ခိုးမှု၊ လုယက်မှုများလာသည့်အပြင် အိမ်တွင်းအကြမ်းဖက်မှုလည်း ပိုမိုများပြားလာသည်ဟု ပြောပါသည်။

news-view-count-icon

29