ရန်ကုန်တိုင်း၊မှော်ဘီမြို့နယ်၊ သရက်ညိုပင်ရွာ၌ အသက် ၁၃ နှစ်အရွယ် မိန်းကလေးငယ်တယောက်ကို ကိုယ်တွင်းဒဏ်ရာရအောင် ရိုက်နှက်ခဲ့တဲ့ မေအိ ဟု အမည်ရသည့် တိဂေဟာပိုင်ရှင် အမျိုးသမီးကို နိုဝင်ဘာ ၁၂ ရက်က ရဲတွေက ဖမ်းဆီးခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။နိုဝင်ဘာ ၁၁ ရက် နေ့လယ်က တိဂေဟာမှာ စောင့်ရှောက်ထားတဲ့ ခွေးလေခွေးလွင့်တွေ အစာကျွေးနေတဲ့ အသက် ၁၃ နှစ်အရွယ် မိန်းကလေးငယ်ကို ဂေဟာပိုင်ရှင်ဖြစ်သူ ဒေါ်မေအိလွင်က စိတ်တိုင်းမကျလို့ တနေကုန် ရိုက်နှက်ခဲ့ရာ ညပိုင်းမှာ ကလေးငယ်က ထွက်ပြေးခဲ့ပြီး ရေသိုးကျေးရွာထိပ်မှာ ဒဏ်ရာတွေနဲ့ သတိလစ် လဲကျနေတာကြောင့် ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ ကယ်ရီသမားတွေက ကူညီပေးခဲ့တယ်လို့ မြို့ခံတယောက်က ပြောပါတယ်။ထိုမိန်းကလေးမှာ ရိုက်နှက်ထားတာ အတွင်းကလီစာတွေပါ ထိနေလို့ မှော်ဘီဆေးရုံကနေ လွှဲစာယူပြီး ရန်ကုန်ဆေးရုံကြီးကို ပို့လိုက်ကာ ကလေးမလေးက အခြေအနေမကောင်းဘူး။ ဂေဟာပိုင်ရှင်ကိုတော့ မနေ့မနက်ကပဲ ရဲတွေက ဖမ်းလိုက်တယ်။”ဟု ပြောပါတယ်။မေအိ & Kids Animals Lover ပိုင်ရှင် ဒေါ်မေအိ(ခ)မေအိလွင်ကို မှော်ဘီမြို့မရဲစခန်းက ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေနဲ့ အမှုဖွင့်လှစ် စစ်ဆေးနေပါသည်။
Nov 13 • 4:02 AM
မြန်မာ
ရန်ကုန်
မျှဝေမည်
| 45 | 0 | 0 | 0 |


