ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်က ဂုတ်ထိပ်တံတားကြီးကို ပြင်ဆင်ပြီးဖြစ်တဲ့အတွက် နိုဝင်ဘာ၁၂ရက်က ကုန်တန်ချိန်၂၀၉တန် တင်ဆောင်ထားတဲ့ ကုန်ရထားတွဲ အောင်မြင်စွာ စမ်းသပ်ဖြတ်သန်းမောင်းနှင်နိုင်ခဲ့တယ်လို့ မြန်မာ့မီးရထားကနေ သိရပါတယ်။ဂုတ်ထိပ်တံတားကြီးဟာ ပြီးခဲ့တဲ့ ဩဂုတ်၂၄ရက်က ဖောက်ခွဲဖျက်ဆီးခံခဲ့ရတာဖြစ်ပြီး မြန်မာ့မီးရထားက အင်ဂျင်နီယာတွေက ရှေးမူရင်းလက်ရာဒီဇိုင်းအတိုင်း အောင်မြင်စွာ ပြင်ဆင်နိုင်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ပျက်စီးသွားတဲ့ ဂုတ်ထိပ်တံတားရဲ့ သံပေါင်တွေနေရာမှာ မြန်မာ့မီးရထား အင်ဂျင်နီယာဌာနက ထုတ်လုပ်တဲ့ သံပေါင်တွေနဲ့ ၇၆ရက်အတွင်း ပြင်ဆင်နိုင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ဂုတ်ထိပ်တံတားကြီး ပြင်ဆင်ပြီးစီးသွားတဲ့အတွက် အရင်ကပြေးဆွဲခဲ့တဲ့ ပြင်ဦးလွင်-ဂုတ်ထိပ် ရှုခင်းကြည့်ရထားခရီးစဉ်ကို မကြာမီပြန်လည်ပြေးဆွဲဖို့ စီစဉ်နေတယ်လို့လည်း သိရပါတယ်။



