တောင်ကိုရီးယားနိုင်ငံသည် အာဆီယံမီဒီယာများမှတစ်ဆင့် အာဆီယံနှင့် အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်လျက်ရှိသည်။အာဆီယံနိုင်ငံများမှ သတင်းထောက်များသည် ကိုရီးယားနိုင်ငံရှိ လူထုအချင်းချင်းထိတွေ့ဆက်ဆံမှုနှင့် လက်တွေ့ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ရန်နှင့် ဆိုးလ်နှင့်ဂျေဂျူဒေသများတွင် ယဉ်ကျေးမှု၊ စီးပွားရေးနှင့် မီဒီယာအပြန်အလှန်ဖလှယ်မှုများ ချဲ့ထွင်ရန်အတွက် နိုဝင်ဘာ ၁၁ ရက်မှ ၁၆ ရက်အထိ ကိုရီးယားနိုင်ငံ၌ ကျင်းပမည့် အာဆီယံအပတ်စဉ် ၂၀၂၅ (ASEAN Week 2025) တွင် တက်ရောက်လျက်ရှိသည်။အောက်တိုဘာလကုန်ပိုင်းက ကျင်းပပြုလုပ်ခဲ့သော အာဆီယံ-ကိုရီးယားထိပ်သီးအစည်းအဝေး (ASEAN-ROK Summit) ပြီးနောက် စီစဉ်ကျင်းပသည့် အာဆီယံအပတ်စဉ် ၂၀၂၅ တွင် "အာဆီယံ-ကိုရီးယားအိုလီလမ်းကြောင်း (ASEAN-Korea Olle) ပေါ်ရှိ အာဆီယံခုံ ၁၀ လုံး ပြီးစီးခြင်း အထိမ်းအမှတ်အခမ်းအနား"၊ "အာဆီယံ သတင်းထောက်များ ဖိတ်ခေါ်ခြင်း အစီအစဉ်"၊ "အာဆီယံ-ကိုရီးယား မီဒီယာဖိုရမ်" နှင့် "၂၀၂၅ အာဆီယံ ကုန်သွယ်မှုပြပွဲ" အပါအဝင် အစီအစဉ်များစွာ ပါဝင်မည်ဖြစ်သည်။



