back

ရန်ကုန်မှာ ရုရှားများ ဈေးအလုယက်လာဝယ်နေကြ

Nov 13 • 2:29 AM

breaking-news

မြန်မာ

ရန်ကုန်

cover

ရန်ကုန်မှာ ရုရှားများ ဈေးအလုယက်လာဝယ်နေကြ

ရန်ကုန်မြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းမပေါ်မှာရှိတဲ့ ဂျန်းရှင်းစီးတီးဈေးဝယ်စင်တာမှာ ရုရှားစစ်သားလို့ယူဆရတဲ့ အမျိုးသားအများအပြား ဒီကနေ လာရောက်ဈေးဝယ်တာတွေ့ခဲ့ရတယ်လိ...

ရန်ကုန်မြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းမပေါ်မှာရှိတဲ့ ဂျန်းရှင်းစီးတီးဈေးဝယ်စင်တာမှာ ရုရှားစစ်သားလို့ယူဆရတဲ့ အမျိုးသားအများအပြား ဒီကနေ လာရောက်ဈေးဝယ်တာတွေ့ခဲ့ရတယ်လို့ မျက်မြင်တွေ့ရှိသူတွေကပြောပါတယ်။ပြည်ပခရီးသွားတွေပုံစံမဟုတ်ပဲ အများစုဟာ ဆံပင်ကို စစ်သားတွေလို အတိုညှပ်ထားပြီး ကိုယ်ဟန်အနေအထားတွေအရ ရုရှား စစ်သားတွေဖြစ်ဖို့များတယ်လို့ ရန်ကုန်မြို့ခံတွေကပြောပါတယ်။ဘာသာစကားအနေနဲ့လည်း အင်္ဂလိပ်လိုပြောတာမဟုတ်ပဲ ရုရှားလိုပဲပြောတာကို ကြားခဲ့ရတယ်လို့ ပြည်သူအချို့ကပြောပါတယ်။တစ်ယောက်ချင်းစီက ပစ္စည်းအများကြီးဝယ်ယူကြဝာာကြောင့် ကောင်တာမှာ ငွေရှင်းဖို့အတွက် ဈေးဝယ်သူတွေဟာ မိနစ်များစွာစောင့်ကြရတယ်လို့လည်းဆိုပါတယ်။အဆိုပါ ရုရှားတွေကစီးတီးမတ်အပြင် ဈေးဝယ်စင်တာထဲကနေရာတော်တော်များများကိုသွားပြီးဈေးဝယ်တာတွေ့ရပြီး တချို့ဆိုရင် အိမ်က ကလေးတွေအတွက် အိမ်ပြန်လက်ဆောင်ပေးတာမှာ အဝယ်များတဲ့အရုပ်တွေကိုပါ ဝယ်နေတာတွေ့ရတယ်လို့ ပြောပါတယ်။

news-view-count-icon

29