သရုပ်ဆောင် ဘုဏ်းသိုက်က ဇနီးဟောင်းချမ်းချမ်း Live လွှင့်ပြီး သူတို့အကြောင်းတွေကို ပြောခဲ့တဲ့ အပေါ် ရှက်စိတ်ဖြစ်နေခဲ့တာလည်းဖြစ်ပါတယ်။ သူ့အနေနဲ့ ဒီလို ကိုယ်ရေးကိုယ်တာကိစ္စတွေကို ဖေ့ဘုတ်ပေါ် Live လွှင့်ပြီး ပြောတာလောက် ရှက်တာမရှိဘူးလို့ဆိုပါတယ်။ သမီးလေးမြမိုးဂင်္ဂါကို ချမ်းချမ်းက အီတလီမှာ ခေါ်ယူစောင့်ရှောက်ပညာသင်ပေးနေရင်း ခရစ်ယာန်ဘာသာသို့ သွတ်သွင်းတဲ့အခမ်းအနားကို ကျင်းပလိုက်တာကြောင့် ဖခင်ဖြစ်သူ ဘုဏ်းသိုက်တစ်ယောက် စိတ်ဆိုးဒေါသဖြစ်နေခဲ့တာလည်းဖြစ်ပါတယ်။
အမြဲတမ်းသမီးလေးကိစ္စနဲ့ပတ်သက်ပြီး အဆက်အသွယ်မပြတ်ရှိနေတဲ့ကြားက သူ့အားအသိမပေးဘဲ လုပ်ခဲ့ပြီး ယခုလည်း ဖခင်မပီသတဲ့ပုံစံဖန်တီးပြောဆိုနေတာတွေကြောင့် ဘုဏ်းသိုက်က သူချပြလိုက်ရင် သမီးလေးရဲ့ မိခင်ဖြစ်တဲ့ ချမ်းချမ်းအရှက်ကွဲသွားမယ်လို့ သတိပေးလိုက်ပါတယ်။ဘုဏ်းသိုက်က သူ့မှာ သမီးလေးတစ်ယောက်သာရှိပြီး ချမ်းချမ်းမှာ နောက်ယောက်ကျားနဲ့ရတဲ့ ကလေးတွေအများကြီးရှိတာကြောင့် အဲ့ကလေးတွေကို ကြိုက်တဲ့ဘာသာထဲသို့ သွင်းနိုင်ကြောင်း ၊ ဂင်္ဂါလေးကိုတော့ သူ့ကိုအသိပေးပြီးမှလုပ်သင့်ကြောင်း ပြောလာခဲ့တာဖြစ်ပြီး
ဒါကတော့ သူဟာ နောက်ဆုံးအကြိမ်ပြောခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။



