back

တရုတ်သမ္မတနှင့် စပိန်ဘုရင်တို့ တွေ့ဆုံဆွေးနွေး

Nov 13 • 2:26 AM

breaking-news

တရုတ်

ပြည်တွင်းသတင်း

cover

တရုတ်သမ္မတနှင့် စပိန်ဘုရင်တို့ တွေ့ဆုံဆွေးနွေး

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် တရုတ်နိုင်ငံသို့ နိုင်ငံတော်ခရီးစဉ်လာရောက်သည့် စပိန်နိုင်ငံ ဘုရင် ဖိလစ် ၆ တို့သည် နိုဝင်ဘာ ၁၂ ရက် နံနက်ပိုင်းတွင် တရုတ်နိုင...

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် တရုတ်နိုင်ငံသို့ နိုင်ငံတော်ခရီးစဉ်လာရောက်သည့် စပိန်နိုင်ငံ ဘုရင် ဖိလစ် ၆ တို့သည် နိုဝင်ဘာ ၁၂ ရက် နံနက်ပိုင်းတွင် တရုတ်နိုင်ငံ ပေကျင်းမြို့ ပြည်သူ့ခန်းမဆောင်၌ တွေ့ဆုံဆွေးနွေးခဲ့သည်။ ထိုသို့တွေ့ဆုံရာတွင် ရှီကျင့်ဖိန်က ဘုရင် ဖိလစ် ၆ တရုတ်နိုင်ငံသို့ ခရီးစဉ်လာရောက်ခြင်းကို ကြိုဆိုကြောင်း၊ တရုတ်နှင့် စပိန်တို့သည် နက်ရှိုင်းသော သမိုင်းယဉ်ကျေးမှုအနှစ်သာရအခြေခံရှိကြကြောင်း ထောက်ပြပြောကြားခဲ့သည်။တွေ့ဆုံဆွေးနွေးပြီးနောက် နှစ်နိုင်ငံအကြီးအကဲများသည် ကုန်သွယ်စီးပွား၊ သိပ္ပံနည်းပညာ၊ ပညာရေး စသည့် ကဏ္ဍများ၏ ပူးပေါင်းဆောင်ရွက် စာရွက်စာတမ်း ၁၀ ခု လက်မှတ်ရေးထိုးမှုအား မျက်မြင်သက်သေပြုခဲ့ကြသည်။ တွေ့ဆုံဆွေးနွေးပွဲမတိုင်မီ ရှီကျင့်ဖိန်နှင့် ဇနီး ဖုန်လိယွမ်သည် စပိန်နိုင်ငံ ဘုရင် ဖိလစ် ၆ နှင့် မိဖုရား လဲတီဇီးယားအတွက် ပြည်သူ့ခန်းမဆောင် အရှေ့ဘက်မုခ်ဦး အပြင်ရှိ ရင်ပြင်တွင် ဂုဏ်ပြုကြိုဆိုသည့်အခမ်းအနား ကျင်းပခဲ့သည်။

news-view-count-icon

21