back

တရုတ်နိုင်ငံမှ ယွီကျစ်သီ အမျိုးသမီး မီတာ ၂၀၀ အလွတ်ကူးပြိုင်ပွဲတွင် အာရှစံချိန်သစ်တင်

Nov 13 • 2:26 AM

breaking-news

တရုတ်

ပြည်တွင်းသတင်း

cover

တရုတ်နိုင်ငံမှ ယွီကျစ်သီ အမျိုးသမီး မီတာ ၂၀၀ အလွတ်ကူးပြိုင်ပွဲတွင် အာရှစံချိန်သစ်တင်

တရုတ်နိုင်ငံမြောက်ပိုင်း ဟဲပေပြည်နယ်မှ အသက် ၁၃ နှစ်အရွယ်သာရှိသေးသည့် ယွီကျစ်သီက နိုဝင် ဘာ ၁၁ ရက်က ကျင်းပခဲ့သည့် တရုတ်နိုင်ငံ၏ ၁၅ ကြိမ်မြောက် အမျိုးသားအားကစားပြိ...

တရုတ်နိုင်ငံမြောက်ပိုင်း ဟဲပေပြည်နယ်မှ အသက် ၁၃ နှစ်အရွယ်သာရှိသေးသည့် ယွီကျစ်သီက နိုဝင် ဘာ ၁၁ ရက်က ကျင်းပခဲ့သည့် တရုတ်နိုင်ငံ၏ ၁၅ ကြိမ်မြောက် အမျိုးသားအားကစားပြိုင်ပွဲ အမျိုးသမီး တစ်ဦးချင်း မီတာ ၂၀၀ အလွတ်ကူးပြိုင်ပွဲ၌ ၂ မိနစ် ၇.၄၁ စက္ကန့်ဖြင့် အာရှစံချိန်သစ်တင်ကာ အနိုင်ရဗိုလ် စွဲခဲ့သည်။စင်ကာပူနိုင်ငံ၌ ကျင်းပခဲ့သည့် ကမ္ဘာ့ချန်ပီယံရှစ်ပြိုင်ပွဲ၏ဗိုလ်လုပွဲတွင် ယွီကျစ်သီက ၂ မိနစ်၊ ၀၉.၂၁ စက္ကန့်ဖြင့် သူမ၏ အကောင်းဆုံးစံချိန်ကို ထပ်မံမြှင့်တင်နိုင်ခဲ့သည်။ယခင်က အာရှ၏အမြန်ဆုံးစံချိန်ရှင်မှာ ၂၀၁၂ ခုနှစ်လန်ဒန်အိုလံပစ်ပြိုင်ပွဲတွင် တရုတ်ရေကူးမယ် ယဲ့ရှီးဝန် က ၂ မိနစ်၊ ၀၇.၅၇ စက္ကန့်ဖြင့် ရရှိခဲ့ခြင်းဖြစ်သည်။

news-view-count-icon

12