တရုတ်နိုင်ငံ ဒုတိယအမြဲတမ်းကိုယ်စားလှယ် စွန်းလေက နိုဝင်ဘာ ၁၁ ရက် လုံခြုံရေးကောင်စီ၏ တောင်ဆူဒန်အရေး စိစစ်ဆွေးနွေးပွဲတွင် ဘက်ပေါင်းစုံအနေဖြင့် နိုင်ငံရေးအသွင်ပြောင်းမှုကို တည်ငြိမ်စွာ တွန်းအားပေးလျှောက်လှမ်းကြရန် တိုက်တွန်းကြောင်း ပါဝင်ဆွေးနွေးပြောကြားခဲ့သည်။ တောင်ဆူဒန်နိုင်ငံသည် ၂၀၁၁ ခုနှစ်တွင် လွတ်လပ်ရေးရရှိခဲ့သည်။ ၂၀၁၃ ခုနှစ် နှစ်ကုန်မှစ၍ တောင်ဆူဒန်နိုင်ငံ သမ္မတ Salva Kiir Mayardit နှင့် ထိုစဉ်က ဒုတိယသမ္မတ Riek Machar အကြား အာဏာအငြင်းပွားမှုကြောင့် လက်နက်ကိုင်ပဋိပက္ခများ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဖြစ်ပွားခဲ့သည်။တောင်ဆူဒန်နိုင်ငံ၏ နိုင်ငံရေးလုံခြုံရေးအခြေအနေ ဆိုးရွားလာမှုအပေါ် ပြင်ပ၏ စိုးရိမ်မှုများ မြင့်တက်စေခဲ့သည်။
တရုတ်နိုင်ငံမှ တောင်ဆူဒန်နိုင်ငံ၏ နိုင်ငံရေးအသွင်ပြောင်းမှု တည်ငြိမ်စွာ တွန်းအားပေးလျှောက်လှမ်းရန်တိုက်တွန်း
Nov 13 • 2:27 AM
တရုတ်
ပြည်တွင်းသတင်း
မျှဝေမည်
| 15 | 0 | 0 | 0 |


