back

စစ်ကိုင်းတိုင်း၊ကျွန်းလှမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများအား ကျောင်းတွင်း စတုတ္ထအကြိမ် အာဟာရကျွေးမွေး

Nov 13 • 2:04 AM

breaking-news

မြန်မာ

စစ်ကိုင်း

cover

စစ်ကိုင်းတိုင်း၊ကျွန်းလှမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများအား ကျောင်းတွင်း စတုတ္ထအကြိမ် အာဟာရကျွေးမွေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်းပြီး KG ကျောင်းသား၊ ကျောင်းသူများအား ကျောင်းတွင်းစတု...

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်းပြီး KG ကျောင်းသား၊ ကျောင်းသူများအား ကျောင်းတွင်းစတုတ္ထအကြိမ် အာဟာရကျွေးမွေးခြင်းကို ယမန်နေ့က အခြေခံပညာကျောင်းများ၌ ဆောင်ရွက်ကြောင်း သိရသည်။ကျွန်းလှမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများက အာဟာရကျွေးမွေးခြင်း၊ စနစ်တကျ လက်ဆေးခြင်းနှင့် သွားတိုက်ခြင်းအကြောင်း အသိပညာပေးပြောကြားပြီး သက်ဆိုင်ရာ ကျောင်းအုပ်ကြီးများ၊ ဆရာဆရာမများက ကျန်းမာရေးနှင့်ညီညွတ်သည့် အာဟာရအစားအစာများ ချက်ပြုတ်ကျွေးမွေးကြသည်။၂၀၂၅ - ၂၀၂၆ ပညာသင်နှစ်၊ အာဟာရဖွံဖြိုးတက်ရေးအစီအစဉ်ဖြင့် အခြေခံပညာကျောင်းများမှ KG ကျောင်းသား၊ ကျောင်းသူများအား အာဟာရအစားအစာ ငါးကြိမ်ထိကျွေးမွေးသွားမည်ဖြစ်ပါသည်။

news-view-count-icon

51