(၁၀၅)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်း အမှတ် မြို့နယ်အဆင့် (ထက်၊ လယ်၊ မူ)စာစီစာကုံးပြိုင်ပွဲကို စစ်ကိုင်းတိုင်းဒေသကြီး၊ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ် အခြေခံပညာအထက်တန်းကျောင်း (ဝန်းသို)၌ ယမန်နေ့ နံနက် ၉ နာရီအချိန်က ကျင်းပခဲ့သည်။စာစီစာကုံးပြိုင်ပွဲတွင်အထက်တန်းအဆင့်၊ အလယ် တန်းအဆင့် စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ (၂၃) ဦးတို့က"အမျိုးသားအောင်ပွဲနေ့မှ ထာဝရငြိမ်းချမ်းရေးဆီသို့"ခေါင်းစဥ်ဖြင့်လည်းကောင်း၊ မူလတန်းအဆင့်ကျောင်းသား၊ကျောင်းသူ (၂၃) ဦးတို့က"အမျိုးသားအောင်ပွဲနေ့ တို့မမေ့"ခေါင်းစဥ်ဖြင့်လည်းကောင်း အသီးသီးပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး အဆိုပါပြိုင်ပွဲတွင် ဆုရရှိသူကျောင်းသား၊ ကျောင်းသူများအား (၁၀၅)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့အခမ်းအနား၌ ဆုချီးမြှင့်ပေးသွား မည်ဖြစ်ပါသည်။
စစ်ကိုင်းတိုင်း၊ဝန်းသိုမြို့၌ (၁၀၅)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်စာစီစာကုံးပြိုင်ပွဲကျင်းပ
Nov 13 • 2:05 AM
မြန်မာ
စစ်ကိုင်း
မျှဝေမည်
| 30 | 0 | 0 | 0 |


