back

ထိုင်းမှာ ဘတ် ၁၀ သန်း လုယက်ခဲ့တဲ့ မြန်မာပွဲစားဂိုဏ်းကို Cha-am မှာ ဖမ်းဆီးရမိ

Nov 13 • 2:03 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ထိုင်းမှာ ဘတ် ၁၀ သန်း လုယက်ခဲ့တဲ့ မြန်မာပွဲစားဂိုဏ်းကို Cha-am မှာ ဖမ်းဆီးရမိ

ထိုင်းရဲတပ်ဖွဲ့က မြန်မာပွဲစား ၃ ဦးပါတဲ့ ဂိုဏ်းကို လိုက်လံဖ-မ်းဆီးရမိခဲ့ပါတယ်။ သူတို့ဟာ ထိုင်းနိုင်ငံမှာ မြန်မာလူမျိုးတွေ အတွက် အလုပ်ရှာဖွေရေးကုမ္ပဏီတစ်ခုရဲ့ ပွဲ...

ထိုင်းရဲတပ်ဖွဲ့က မြန်မာပွဲစား ၃ ဦးပါတဲ့ ဂိုဏ်းကို လိုက်လံဖ-မ်းဆီးရမိခဲ့ပါတယ်။ သူတို့ဟာ ထိုင်းနိုင်ငံမှာ မြန်မာလူမျိုးတွေ အတွက် အလုပ်ရှာဖွေရေးကုမ္ပဏီတစ်ခုရဲ့ ပွဲစားအမျိုးသမီးတစ်ဦးဆီက လုယက်မှု ကျူးလွန်ခဲ့တာ ဖြစ်ပါတယ်။ ဘတ် ၁၀ သန်းကို လုယူထွက်ပြေးခဲ့ပြီး Cha-am မှာရှိတဲ့ ဟိုတယ်တစ်ခုမှာ ပုန်းအောင်းနေခဲ့တာပါ။ ရဲတွေက လိုက်လံဖ-မ်းဆီးပြီး သက်သေခံငွေ ဘတ် ၈.၈ သန်းကို ပြန်လည်သိမ်းဆည်းရမိခဲ့ပါတယ်။နိုဝင်ဘာ ၁၂ ရက်နေ့မှာ ထိုင်းရဲတပ်ဖွဲ့ဟာ မြန်မာနိုင်ငံသား သံသယရှိသူ ၃ ဦး (အမျိုးသမီး ၂ ဦး နဲ့ အမျိုးသား ၁ ဦး) ပါတဲ့ ဂိုဏ်းကို လိုက်လံဖ-မ်းဆီးခဲ့ပါတယ်။ သူတို့ဟာ ဘန်ကောက်၊ Prawet ခရိုင်၊ Nong Bon ရပ်ကွက်၊ Srinakarin 38 လမ်းထဲက ဇိမ်ခံကွန်ဒိုတစ်ခုမှာ ဘတ် ၁၀ သန်းကို လုယူထွက်ပြေးခဲ့ပါတယ်။ အမှုဖြစ်ပွားခဲ့တာက နိုဝင်ဘာ ၉ ရက်၊ ည ၁၀:၃၀ နာရီမှာ ဖြစ်ပါတယ်။ နောက်ဆုံးတော့ Phetchaburi ပြည်နယ်၊ Cha-am မြို့နယ်က ဟိုတယ်တစ်ခုမှာ သူတို့ကို လိုက်လံဖ-မ်းဆီးနိုင်ခဲ့ပါတယ်။ရဲတွေက စစ်ဆေးတဲ့အခါမှာ တရားခံ ၃ ဦးလုံးက ဒီအမှုမှာ ခိုးမှုကျူးလွန်ခဲ့တာ မှန်ကန်ကြောင်း ဝန်ခံခဲ့ပါသည်။

news-view-count-icon

20