မွန်ပြည်နယ်၊မော်လမြိုင်မြို့ပေါ်ရှိ ပုဂ္ဂလိကဆေးရုံအချို့တွင် ဆေးကုသမှုတစ်စုံတစ်ရာအတွက် လာရောက်သူများကို ခွဲစိတ်မှုခံယူရန်သာ အတင်းဖိအားပေးနေပြီး အဆမတန် ငွေကြေးတောင်းခံနေကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူများ၏ ပြောပြချက်အရ သိရသည်။ပုဂ္ဂလိကဆေးရုံသို့ ကုသမှုခံယူလိုသည်ဖြစ်စေ၊ ရောဂါစမ်းသတ်လိုသည်ဖြစ်စေ လာရောက်သူများကို တာဝန်ခံဆရာဝန်များမှ ခွဲစိတ်မှုလုပ်ဆောင်ရန်သာ ဖိအားပေးနေကြောင်း၊ ခွဲစိတ်မှုအမျိုးအစားပေါ်မူတည်ပြီး သိန်းဆယ်နှင့်ချီ ကုန်ကျနေကြောင်းလည်း သံဖြူဇရပ်မှ ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူ ခွဲစိတ်လူနာရှင် အမျိုးသမီးတစ်ဦးက ဆိုသည်။



