နိုဝင်ဘာလ ၇ ရက်နေ့ ၁၁၀၀ အချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ ကလေးမြို့၊ တပ်ဦးသီတာရပ်ကွက်တွင် မလှိုင်ဝေဝေကျော်(ခ)ဖူးဖူး မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ၎င်းထံမှ အိုက်စ်(မက်သ် အဖက်တမင်း)အလေးချိန် ၁၀ ကီလို(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း ၃,၀၀၀)နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်ဖော်ထုတ်ချက်အရ ၁၁၃၀ အချိန် အဆိုပါ အိုက်စ်(မက်သ်အဖက်တမင်း)များ သယ်ဆောင်ရောင်းဝယ်ရာ၌ ပူးပေါင်းပါဝင်သူများဖြစ်သည့် စိုးပြည့်ဦး(ခ)ကိုကြီးထန် အား အဆိုပါရပ်ကွက်တွင် လက်ကိုင်ဖုန်း ၁ လုံးနှင့် လည်းကောင်း၊ ယင်းနေ့ ၁၉၀၀ အချိန် မအိမြတ်မွန်ကျော်(ခ)မီးမီး အား မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ မဟာဇေယျာဘုံရပ်ကွက်ရှိ ဟိုတယ်တွင် လက်ကိုင်ဖုန်း ၁ လုံးနှင့် လည်းကောင်း ထပ်မံဖမ်းဆီးရမိခဲ့သဖြင့် မလှိုင်ဝေဝေကျော်(ခ)ဖူးဖူး(၂၅)နှစ်၊ စိုးပြည့်ဦး(ခ)ကိုကြီးထန်(၃၂)နှစ်နှင့် မအိမြတ်မွန်ကျော်(ခ)မီးမီး(၂၅)နှစ်တို့အား ကလေးမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း
သိရပါသည်။



